8

6.5K 757 90
                                    

"ကျွန်တော်လည်း Jungkookie hyung ရဲ့ ရည်းစားလုပ်ချင်တယ်"

"Jimin မင်းကရည်းစားဆိုတာ ဘယ်လိုမျိုးလည်း သိလို့လား"

"သိတာပေါ့ ကျွန်တော်လည်း hyung ကိုဂရုစိုက်ချင်တယ် hyung ကို အနမ်းပေး ဖက်ထားပေးနိုင်တဲ့သူက ကျွန်တော်ပဲဖြစ်ချင်တာ"

ရှက်၍မျက်နှာအောက်ငုံ့သွားသော Jimin ကို Jungkook က ပြန်လည်မော့စေလိုက်တော့ အလိုလိုနီးကပ်သွားသော မျက်နှာနှစ်ခု

နှုတ်ခမ်းထူထူလေးကို ထိကပ်လိုက်ပြီး ချိုမြိန်တဲ့အနမ်းအဖြစ် ပုံသွင်းလိုက်မိသည် အသက်ရှုကြပ်သွားမည်ဆိုးသဖြင့် အနမ်းတွေကိုရပ်လိုက်တော့ ရင်ခွင်ထဲကို အတင်းတိုးဝှေ့လာသော ကြောင်ကလေးကို သူအသဲယားစွာ ဖက်ထားမိလိုက်ပြန်သည်

"Hyung နဲ့အတူ အခုလိုမျိုး ဖက်တာ နမ်းတာ တကယ်လုပ်ချင်တာလား"

Jiminကတော့ တော်တော်ရှက်နေတယ်ထင်သည် ဘာဖြေသံမှမလာတော့ဘဲ ခေါင်းဘဲညိမ့်ပြတော့သည်

"Hyung လည်း Jimin လေးရဲ့ ရည်းစားလုပ်ချင်တယ်"

လမ်းလယ်ခေါင်ကြီးတွေ မိုးမမြင်လေမမြင် ဖက်နေကြသော သူတို့နှစ်ယောက်ကို လမ်းသွားလမ်းလာများက မျက်စောင်းထိုးသွားကြသည်

*****

Jungkook စိုစွတ််သောအရာကို ခံစားလိုက်ရသောကြောင့် အိပ်ရာမှ လန့်နိုးသွားသည် အကြောင်းရင်းမှာ ညတုန်းကမှ လတ်လတ်ဆက်ဆက် ရထားသော ရည်းစားကလေးကြောင့်ပင်

Jungkook အင်္ကျီကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ငိုနေသောကြောင့် စိတ်ပူသွားသည်

"Jimin ဘာလို့ငိုနေတာလဲ"

"အိမ်မက်ဆိုး... ဟင့်"

တုန်လှုပ်နေသော ခန္ဓာကိုယ်လေးကို သူအခုမှသတိထားမိသွားသည်

"ဘာအကြောင်းတွေမက်နေတာလဲ"

"လူကြီးတစ်ယောက်က ကျွန်တော့်ကို ရိုက်နှက်နေတာ သူကကြောက်စရာကြီး"

"အဲဒါအိမ်မက်တစ်ခုပါ တကယ်မဟုတ်ဘူးနော် တိတ်တိတ်"

နာရီကိုကြည့်လိုက်တော့ မနက် ၃ နာရီပဲရှိသေးသည် မနက်ကျောင်းသွားရမှာမလို့ ကြောင်ကလေးကို ချော့မော့ကာ အိပ်ပျော်အောင် သိပ်ရင်း သူလည်းအိပ်ပျော်သွားခဲ့သည်

Your Calico CatWhere stories live. Discover now