တီး...တီး...တီး...
Jungkook ရဲ့ဖုန်းမှ နှိုးစက်မြည်သံကြောင့် Jimin ဆီမှအလိုမကျသံထွက်လာသည်
"Hyung ပိတ်ပေး..."
Jungkook ရင်ခွင်ထဲကိုပိုတိုးဝင်ကာ အတင်းပြန်အိပ်ဖို့ကြိုးစားနေသည့် ကြောင်ကလေး
"ကိုယ်နောက်ကျနေပြီ"
ကျောင်းသွားဖို့နောက်ကျနေပြီဖြစ်တာကြောင့် ကြောင်ကလေးကို စောင်သေချာချုံပေးခဲ့ကာ ကိုယ်လက်သန့်စင်ဖို့ ထလာခဲ့သည်
ကျောပေါ်ကို ရုတ်တရက်တက်ခွသော Jimin ကြောင့် ကိုယ်ဟန်ကိုပြန်ထိန်းကာ ရေချိုးခန်းထဲသို့ လျှောက်လာသည်
Jimin heat ကာလပြီးဆုံးသွားပြီးနောက်ပိုင်းတွင် အရင်ကထက်ပိုပြီး ချွဲလာ ပိုတွယ်ကပ်လာသည်မှာ ပုံမှန်လိုဖြစ်နေပြီ
Namjoon hyung ကတော့ပြောသည် Jiminနဲ့အတူ heat ကာလကိုကုန်ဆုံးလိုက်လို့ သူ့စိတ်ထဲမှာ မင်းကိုသူ့မိတ်ဖက်အဖြစ် သတ်မှတ်ထားလိုက်တာ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု
"ကျောင်းမသွားနဲ့"
ကျောပေါ်က ကြောင်ပေါက်ကတော့ ချစ်စရာကောင်းအောင် ချွဲပြနေတော့ ကျောင်းပြေးချင်စိတ်က တစ်ဖွားဖွား
ကြောင်ကလေးကို ဘေစင်ဘေးရှိနေရာလွတ်တွင်တင်ပေးလိုက်ပြီး နှာခေါင်းလုံးလုံးလေးကို အသည်းယားစွာ ဆွဲညစ်လိုက်သည်
"မသွားလို့မရဘူး... ခင်များလေးကြောင့် ကျောင်းပျက်ထားတာများနေပြီ"
"Hyung မရှိရင် ကျွန်တော်ပျင်းတယ်လေ"
Jungkook လည်း Jimin ကိုအိမ်မှာတစ်ကောင်တည်း ထားထားခဲ့ရသည်ကို စိတ်မကောင်းဖြစ်နေသည်။
သူအကြံတစ်ခုကိုစဉ်းစားမိလိုက်ပြီး Jimin ကိုညင်သာစွာပြုံးပြလိုက်သည်။
ဟိုတစ်လောက Yoongi hyung ဆီမှ message ရောက်လာသည် Namjoon နှင့်သူအားလျှင် Jiminနဲ့အတူ တစ်ရက်အချိန်ဖြုန်းချင်ကြောင်း
Yoongi hyung Daegu ကနေပြန်ရောက်ရောက်ချင်း Jimin ကိုမိတ်ဆက်ပေးဖြစ်ခဲ့သည် အကုန်လုံးအံဩသွားသည်မှာ Yoongi လိုအေးစက်စက်သမားသည် Jimin ကို အလွန်ချစ်ခင်သောကြောင့်ပင်
![](https://img.wattpad.com/cover/209976482-288-k601075.jpg)
YOU ARE READING
Your Calico Cat
FantasyJungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ Jungkook တစ်ယောက် မထင်မှတ်ပဲ သုံးရောင်ခြယ် hybrid ကြောင်လေးကို မွေးဖို့ဖြစ်လာတဲ့အခါ