4

6.7K 971 33
                                    

Unicode

Jimin သည် Jungkookရဲ့ တိုက်ခန်းငယ်သို့ ရောက်သည်နှင့် အိပ်ရာရှိရာနေရာသို့ ပြေးထွက်သွားသည်

အပြင်မှာနေခဲ့တာ အတော်ကြာခဲ့သောကြောင့် မွေ့ရာရဲ့နူးညံ့မှုကို သဘောကျကာ ကုတင်ပေါ်တွင် ခုန်ပေါက်နေသည်

မခုန်နဲ့ အောက်ထပ်မှာ လူတွေရှိတယ်ဟု ဆူပူသင့်ပေမဲ့လည်း Jimin ပျော်နေတာကိုကြည့်ပြီး Jungkook တစ်ယောက် မဆူမိပါ

" Jiminie မင်းရေချိုးရမယ်" ​​

အခန်းပတ်ပတ်လည် ပတ်ပြေးနေသည့် ကြောင်hybrid ကလေးကို ဖမ်းဖို့ Jungkook မှာ မနည်းကြိုးစားနေရသည်

နောက်ဆုံးတော့ Jimin ၏ခါးကိုဖက်လိုက်မိသွားပြီး နှစ်ဦးလုံး ရယ်မောကာ ကြမ်းပြင်သို့လဲကျသွားသည်။

"မိပြီကွ!! လာ ရေချိုးရအောင်"

Jimin ကို ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားပြီး bathub ထဲသို့ သင့်တော်သလောက် ရေကိုဖြည့်ပေးခဲ့ကာ Jungkook လည်း ပြန်ထွက်လာခဲ့သည်

အခန်းပြင်ရောက်တော့မှ Jungkook တစ်ယောက် ကိုယ်လုပ်ခဲ့တာတွေကို ပြန်စဉ်းစားမိသွားကာ

ငါအရူးပဲ

hybrid တစ်ကောင်ကို အိမ်ခေါ်လာခဲ့မိပြီ

ငါ သူ့ကို ဘယ်လိုစောင့်ရှောက်ရမလဲ

သူ့အတွက် အဝတ်အထည်တွေ စားစရာတွေ ကြောင်ဆိုတော့ ကစားစရာပါလိုမယ်ထင်တယ်

သူ့ကို ဘာမှမဝယ်ပေးနိုင်လို့ စိတ်ပျက်သွားရင် ဘယ်လိုလုပ်မလဲ

မဟုတ်သေးပါဘူး

ခေါ်လာမှတော့ တာဝန်ယူရမှာပေါ့

"Jungkookie hyung"

ရေချိုးခန်းထဲမှာ အသံစွာစွာလေးကြောင့် Jungkook အလန့်တကြားပင် ပြေးဝင်သွားသည်

"ဘာဖြစ်တာလဲ"

အခုချိန်ထိ bathub ရှေ့တွင် ငိုင်ငိုင်ကြီး မတ်တတ်ရပ်နေသော Jimin ကြောင့် ခဏတာ ကြောင်သွားသည်

"ကျွန်တော့်ကို ရေချိုးပေးလို့ရလားဟင်
မလုပ်ပေးချင်လည်း ရပါတယ်
ကျွန်တော်တစ်ယောက်တည်း တစ်ခါမှ ရေမချိုးဖူးလို့ ပြီးတော့ အခုမှ ဒီလိုအရာတွေ သုံးဖူးတာဆိုတော့"

Your Calico CatWhere stories live. Discover now