၄၉-၁

12.4K 1.9K 123
                                    

[Unicode]လီဆွေ့၏ညွှန်ကြားမှုနှင့် မုရှန်းနှင့်စပ်တူစီမံကိန်းများကို ဆိုင်းငံ့ထားလိုက်သည် ရာသီဥတုကလည်း သူတို့ဘက်က ကူညီပေးပုံပေါ်၏။ လတ်တလော အေးစက်ပြီး လေထန်နေသည်။ ဒီနှစ်အတွက် နှင်းကလည်း အချိန်စောစောကျလာသည်။

အန္တရာယ်ကင်းစေဖို့ အစိုးရကလည်းောာက်လုပ်ရေးအားလုံးကို ရပ်ဆိုင်းထားဖို့ အမိန့်ချသည်။ ထို့ကြောင့် လျို့ရှင်းထျန်လည်း ဘာမှမလုပ်နိုင်ခဲ့ပေ။ နစ်နာမှုမဖြစ်လောက်သည့် လှည့်ကွက်အချို့ကိုသာ တိတ်တဆိတ် ကြံဖန်နိုင်သည်။

တုံ့ယမ်း၏အစဉ်အလာအရ ရှယ်ယာရှင်အစည်းအဝေးမစခင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက အရင်ဆုံး ပြန်လည်သုံးသပ်သည့်အစည်းအဝေးတစ်ခု ဆောင်ရွက်ရသည်။ လုရှန်း မဖြစ်မနေတက်ရောက်ဖို့လို၏။ လီဆွေ့ တွန့်ဆုတ်နေသည်။ ရှောင်လွှဲလို့ရမည့် နည်းလမ်းကိုရှာဖွေနေ၏။ ထိုနေ့သို့ရောက်လာသည့်အခါ လုရှန်းက စောစောနိုးနေပြီး အလုပ်သွားဖို့အင်္ကျီပင် လဲထားနှင့်သည်။ လီဆွေ့ လုံးဝမမျှော်လင့်ထားပေ။ လုရှန်းသည် သူနှင့်အတူ အလုပ်သွားဖို့ ပြင်ဆင်ထားပုံရ၏။

"မျက်လုံးတွေ အဆင်ပြေရဲ့လား"

မထွက်ခင်အထိ လီဆွေ့က လုရှန်း၏ကျန်းမာရေးကို စိတ်ပူနေဆဲဖြစ်သည်။

"အင်း ... တစ်နှစ်ကိုတစ်ခေါက်တော့ ကုမ္ပဏီကို သွားမှဖြစ်မှာပေါ့"

လုရှန်းက မျက်မှန်တပ်ပြီး ညင်သာစွာပြုံးပြလိုက်သည်။

"မဟုတ်ရင် လူတွေက မင်း ငါ့ကို တစ်ခုခုလုပ်လိုက်ပြီလို့ သံသယဝင်နေလိမ့်မယ်"

လီဆွေ့က လုရှန်း၏ခါးကို သူ့လက်မောင်းနှင့် ရစ်ပတ်ဆွဲဖက်ကာ ကျီစယ်လိုက်ရင်း လုရှန်း၏ နားနားသို့ကပ်ကာ မေးလိုက်၏။

"အင်း ... ကျွန်တော်ဘာများလုပ်လိုက်မိပါလိမ့်"

ဦးလေးယွမ့်က မသက်မသာနှင့် ချောင်းနှစ်ချက်လောက်ဟန့်လိုက်သည်။

"အချိန်ကျပြီ"

နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်လိုက်၏။ ပြီးတော့ ရှက်ရှက်နှင့် မျက်နှာလွှဲလိုက်ကြသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောOnde histórias criam vida. Descubra agora