Zawgyi
⚠
"အဲ့တာ ဖေးရှီလေ JK brand ပိုင်ရှင်
တခြားထိပ်တန်းစီးပွားရေးပညာရှင်တွေအများကြီးလည်း ဒီထဲမှာရှိတယ်"ရှောင်းကျန့် စားပွဲခုံမှဝိုင်ခွက်တစ်ခွက်ကိုဆွဲယူပြီး ရိပေါ်ကိုလိုက်ရှင်းပြနေသည်
ကြီးကျယ်လွန်းသောအခမ်းအနားကြီးက သာမန်သူဌေးတွေမျက်စောင်းထိုးလို့ မရလောက်အောင်ကို ခမ်းနား၏
ပွဲ၏တစ်ဖက်တွင် မူးယစ်ဆေးဝါးအမျိုးအစားပေါင်းစုံကို စုံလင်စွာ ခင်းကျင်းပြသထားသည်"ဒီလိုနေရာမျိုးမှာ ဒီလိုပွဲမျိုးလုပ်လို့ရမယ်လို့မထင်ထားခဲ့ဘူး
ရဲတွေမသိဘူးလား"ရိပေါ်ပြောတော့ရှောင်းကျန့်ရယ်ရင်းခေါင်းခါလိုက်သည်
"ဒီပွဲကိုလုပ်တဲ့သူက ဒီဟော်တယ်ရဲ့ပိုင်ရှင်လေ
အသစ်ထွက်တဲ့မူးယစ်ဆေးတွေကို ချပြချင်လို့ဆိုပြီးဒီပွဲကိုလုပ်တာ
သူ့အတွက်လည်းpromotionဆင်းတဲ့သဘောပေါ့
ပြီးတော့ မြို့လယ်ခေါင်လိုနေရာမျိုးမှာ လုပ်တာဆိုတော့ ဘယ်ရဲမှ ဒီလိုပွဲမျိုးလို့ထင်မိမှာမဟုတ်ဘူးလေ
အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာဆိုတော့"ရှောင်းကျန့် ရှင်းပြတော့ရိပေါ်ခေါင်းတညိတ်ညိတ်လုပ်ရင်းထောက်ခံသည်
"အဲ့တော့ ကောအလုပ်က.. "
"ကောလည်း သူတို့ထဲကတစ်ယောက်ပေါ့"
ရှောင်းကျန့် ရိပေါ်အံ့သြသွားမည်ဟုထင်သော်လည်း ရိပေါ်ကတော့အံ့သြဟန်မပြ
ဘေးမှာ ချပြထားတဲ့မူးယစ်ဆေးတွေကိုပင်လိုက်ကိုင်ကြည့်နေသေးသည်"ကော ဒါဘာလဲ
ဘိန်းပဲလား"ရိပေါ် ပြလာသော အမဲရောင်အခဲလေးကိုရှောင်းကျန့်ယူလိုက်သည်
"ဒါက ဘိန်းမည်းလေ
ဘိန်းဖြူလောက်တော့အာနိသင်မပြင်းဘူး
ဒါပေမယ့် အာရုံကြောကိုနှေးကွေးစေတာကတော့ဘိန်းဖြူနဲ့အတူတူပဲ""အော်
ဒါနဲ့ စိတ်ကြွဆေးတွေဆိုတာက.. "ရှောင်းကျန့် ချပြထားသည့်ထဲမှရောင်စုံဆေးပြားအနည်းငယ်ကိုကောက်ယူလိုက်၏
