Zawgyi
"သက်သေရှာမတွေ့သေးဘူးလား "
"တွေ့တော့မှာပါ အချိန်နည်းနည်းလောက်ထပ်ပေးရင်... "
Ring ~~
"ဟယ်လို အေး
ရိပေါ် မင်းအဲ့အမှုကိုလိုက်စရာမလိုတော့ဘူး"
"အဲ့တာက ဘာကိုပြောတာလဲဆရာ"
"အဖွဲ့၂ က မူးယစ်ဆေးဝါးဂိုဏ်းကို ခြေရာခံမိသွားလို့တဲ့
အခုသူတို့အဲ့ကိုသွားနေကြပြီ""ဗျာ အ အခုလား"
"အင်း"
......
"ကျစ် ရှောင်းကျန့် ph ကိုင်ပါ
Ph ကိုင် ရှောင်းကျန့်"ဘယ်လောက်ခေါ်ခေါ် ph မကိုင်တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ဆိုင်ကယ်ကိုထုတ်ပြီး တစ်ခါရောက်ဖူးတဲ့ ရှောင်းကျန့်တို့ဂိုဏ်းဆီသို့ ဦးတည်လိုက်သည်
ခင်ဗျား သူတို့ဆီမှာအမိခံလို့မဖြစ်ဘူး ရှောင်းကျန့်
" ရိပေါ် ဒီကို ဘယ်လိုလုပ်"
"နောက်မှရှင်းပြမယ် အခုဒီကအရင်ထွက်သွားမှရမယ်
နောက်ကနေထွက်လို့ရတဲ့အပေါက်မရှိဘူးလား""ရှိ ရှိတယ်"
သူ့လက်ကိုဆွဲသွားတဲ့ ရိပေါ်ကို ရှောင်းကျန့် ထွက်ပေါက်ကိုပြတဲ့အချိန်
"တစ်ယောက်မှမလှုပ်နဲ့ "
ကျစ် သွားပြီ
"ကော ကျွန်တော့်လက်ကိုလုံးဝလွှတ်လို့မဖြစ်ဘူးနော်"
ရှောင်းကျန့် ခေါင်းညိတ်ပြတာနဲ့တစ်ပြိုင်နက် ရိပေါ် ရှောင်းကျန့်ကို အပေါက်ဝသို့တွန်းလိုက်၏
'ဒိုင်း'
"အာ့"
"ရိ ရိပေါ်"
"အသံမထွက်နဲ့ မြန်မြန်ပြေး"
ရိပေါ် သေနတ်မှန်သွားတဲ့ ပခုံးကိုတစ်ချက်ဖိပြီး ရှောင်းကျန့်လက်ကိုဆွဲကာ ဆိုင်ကယ်ထားခဲ့ရာနေရာသို့အမြန်သွားလိုက်သည်
"ဆရာ နောက်ကိုနှစ်ယောက်ထွက်ပြေးသွားတယ် "
"မြန်မြန်လိုက်ကြ"
