Zawgyi
"ကော ကျန့်ကော "
နေမကောင်းသေးတာကို အစောကြီးဘယ်သွားနေတာလဲ
"ဆောရီးပါ ငါမလုပ်နိုင်တော့ဘူး
အင်း လျော်ကြေးငွေပေးလိုက်"
ရေချိုးခန်းတံခါးနောက်က ကြားနေရတဲ့အသံကြောင့် ရိပေါ် ထိုနားသို့သွားလိုက်သည်
မနက်အစောကြီး Ph ပြောနေတာလား
ဒေါက် ဒေါက်
"ကော ကျွန်တော် ဝင်ခဲ့မယ်နော်"
"အင်း ရိပေါ်"
Ph ပြောနေသောရှောင်းကျန့်ခါးကို ရိပေါ်သိုင်းဖက်လိုက်သည်
"အဲ့တာဆိုဒါပဲနော် သူ့ကိုပြောလိုက်အုံး"
ခါးကိုဖက်ထားတဲ့ ရိပေါ်လက်ကိုအုပ်ကိုင်ပြီး ရှောင်းကျန့် နောက်ကိုလှည့်လိုက်သည်
"ဘယ်သူနဲ့ပြောနေတာလဲ မမေးတော့ဘူးလား"
ရိပေါ် ခေါင်းခါပြပြီး ရှောင်းကျန့်ပခုံးခေါ်မေးတင်လိုက်သည်
"နေကောင်းသွားပြီလား ကော"
"အင်း"
"ဒီနေ့ဘယ်သွားစရာရှိသေးလဲ"
"ဟင့်အင်း ရိပေါ်ရော"
"ကျွန်တော် ကိစ္စလေးတစ်ခုရှိလို့အပြင်သွားရမယ်
သိပ်တော့မကြာပါဘူး
ဘာမှာလိုက်အုံးမလဲ""မမှာတော့ဘူး
လူပဲ ရောက်အောင်ပြန်လာခဲ့ ""အင်း "
.....
'Ting Tong'
"ရင် မင်းဒီကိုဘယ်လိုလုပ်"
"နေမကောင်းဘူးဆို
သတင်းလာမေးတာ""ဟင်"
"အထဲကိုဝင်ခွင့်လေးပေးပါအုံး"
"မင်း ငါ့အိမ်ကိုဘယ်လိုသိတာလဲ"
"ရိပေါ် ပြောပြတာလေ"
"ဘာကိစ္စရှိလို့လဲ ဒီတိုင်းရိုးရိုးသတင်းလာမေးတာတော့မဟုတ်ဘူးမလား"
..
.
.
..................."ရိပေါ် ပြန်လာပြီလား"
"အင်း ကောဘာချက်နေတာလဲ"