9

22.5K 1.2K 64
                                    

Z

awgyi

"ရှောင်းကျန့်  ပြန်ရင်သူ့ကိုခေါ်သွားဦး "

ကောင်မလေးတစ်ယောက်ကိုဆွဲကာ ခေါ်လာပြသော သူငယ်ချင်းဖြစ်သူကို  ရှောင်းကျန့်မျက်ခုံးတစ်ဖက်ပင့်ကြည့်လိုက်သည်

"ဘာအတွက်လဲ"

"မင်း စိတ်ညစ်နေတယ်မလား သူကမင်းကိုပျော်အောင်လုပ်ပေးလိမ့်မယ်"

ရှောင်းကျန့်သူ့ရှေ့တွင်ရပ်နေသောကောင်မလေးကို စိုက်ကြည့်လိုက်သည်
အနီရောင်အသားကပ်အင်္ကျီက ပေါင်အထိတိုတက်ပြီး မို့မောက်နေသောရင်သားအစုံကိုလှစ်ဟာပြနေသည်
ဖြူဖွေးနေသောအသားအရည် နှာတံစင်းစင်းနဲ့ သေးသွယ်သောခန္ဓာကိုယ်က မြင်သည့်ယောက်ျားတိုင်း၏
ညီငယ်အား အမောက်ထောင်စေနိုင်မည့် မိန်းကလေးမျိုး
သို့ပေမယ့် ရှောင်းကျန့်ကိုတော့မဟုတ်

"တော်ပါပြီ  ငါမိန်းကလေးတွေစိတ်မဝင်စားဘူး"

"ဟားဟား  အဲ့တာဆို ကောင်လေးတွေခေါ်ပေးရမလား"

ရှောင်းကျန့်ခေါင်းသာခါပြလိုက်သည်
သူ့ခန္ဓာကိုယ်က ရိပေါ်နဲ့မဟုတ်ရင် ဘယ်သူနဲ့မှအဆင်ပြေမည်မဟုတ်
အတင်းလာထိုးကျွေးတဲ့သူငယ်ချင်းတွေကိုလည်း သူ့မှာချစ်သူရှိတယ်လို့မပြောချင်
ရိပေါ် အတွက်မလိုလားအပ်တဲ့ပြသနာတွေရှိလာနိုင်သည်လေ

"အဲ့တာဆို ငါပြန်တော့မယ်"

ပခုံးကိုလာထိသောပျော့အိအိအရာကို ငုံ့ကြည့်မိတော့ မျက်ခုံးများကအလိုမကျမှုကြောင့်တွန့်ချိုးသွား၏
အနီရောင်ကောင်မလေးက သူ့ရွှေရင်တော်အစုံနဲ့လာပွတ်နေသည်ကိုး

"အစ်ကိုနဲ့လမ်းကြုံလိုက်လို့ရမလား
လင်းယွီရဲ့အိမ်က အစ်ကို့အိမ်နားလေးတင်ပဲ  "

"မရဘူး"

ရှောင်းကျန့်ထိုမိန်းကလေးကို တွန်းဖယ်ပြီး အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဝတ်လိုက်သည်

"အစ်ကိုက အတော်ရက်စက်တာပဲနော်
လမ်းကြုံလိုက်ခွင့်ပေးတာ ဘာဖြစ်သွားမှာမို့လို့လဲ"

"အေးလေ ရှောင်းကျန့်ရာ မင်းအားမနာတတ်တာသိပေမယ့် ငါတို့မျက်နှာလေးနည်းနည်းထောက်ပါအုံး
လင်းယွီက အသိုင်းအဝိုင်းကြီးထဲကနော်"

DRUGS(COMPLETED)Tempat cerita menjadi hidup. Temukan sekarang