Zawgyi
ရှောင်းကျန့် ရိပေါ် ဝယ်ပေးလိုက်သော အင်္ကျီကိုဝတ်ကြည့်ပြီး မှန်ရှေ့တွင်ခေါက်တုန့်ခေါက်ပြန်ကြည့်နေမိသည်
Hoodieမီးခိုးရောင်က ရှောင်းကျန့်ကိုရှိရင်းစွဲအသက်ထက်ပိုနုပျိုစေ၏"ဒီခေတ်လူငယ်တွေရဲ့အကြိုက်က တော်တော်လေးထူးဆန်းတာပဲ ကလေးကလားနဲ့"
ဘောင်းဘီအိတ်ကပ်ထဲမှ ရိပေါ် ပေးထားသည့်ကဒ်ကိုယူပြီးကြည့်လိုက်သည်
"သဘက်ခါ ကျွန်တော့်ရဲ့ပထမဆုံး ပွဲအကြီးစားမို့လို့ လာဖြစ်အောင်လာရမယ်နော်
အဲ့ပွဲကို နာမည်ကြီးအနုပညာရှင်တွေအများကြီးလာမှာ
ကျွန်တော် တစ်ယောက်တည်းဆိုရင်အားငယ်နေရမှာမို့လို့ ကောလာပေးရင်ကောင်းမှာပဲ""ကလေးရဲ့ မိသားစုဝင်တွေကကော"
"ကျွန်တော့်မှာ မိသားစုမရှိဘူး
ကျွန်တော်က တစ်ယောက်တည်းနေတာ".
ရိပေါ် ပြောတာတွေပြန်တွေးမိတော့ ရှောင်းကျန့် သက်ပြင်းတစ်ချက်ချပြီး ကဒ်ကိုစားပွဲခုံပေါ်တွင် တင်ထားလိုက်သည်လူတစ်ယောက်အပေါ်ပထမဆုံးအကြိမ်သနားစိတ်ဝင်မိခြင်းပဲ
Ring Ring........
"အေး ပြော"
"အမတ်ဟုန် အိမ်က ဆေးတွေမိသွားလို့တဲ့ ဆရာ
အခုလောလောဆယ်တော့ ရှောင်ပုန်းနေတယ်လို့ပြောပေမယ့် အမတ်ဟုန်ကို မိသွားရင် ကျွန်တော်တို့ကိုဖမ်းမိဖို့က.. ""သတ်ပြစ်လိုက်"
"ဗျာ"
"ရဲတပ်ဖွဲ့တွေအရင်မမိခင် ဦးအောင်သတ်ပြစ်လိုက် ဟုန်ဖန်းလင်ကို
ငါနောက်တစ်ခေါက်ထပ်မပြောရစေနဲ့""ဟုတ် ဟုတ်ကဲ့ပါဆရာ"
ရှောင်းကျန့် Phကိုစားပွဲခုံပေါ်သို့ပြစ်ချလိုက်ပြီး မဲ့ပြုံးတစ်ခုကိုတပ်ဆင်လိုက်သည်
"သူများဆီက ဝယ်ပြီးရင်လည်း လုံလုံခြုံခြုံလေးထားတတ်ရမှာပေါ့
အခုတော့ မဖြစ်သင့်တာတွေဖြစ်ကုန်ပြီ ကျွတ်ကျွတ်".............
"ပျောက်လှချည်လား ဆရာရှောင်း"
ရှောင်းကျန့် Barထောင့်စွန်း စားပွဲဝိုင်းက လွတ်နေသောခုံတစ်ခုံတွင် ဝင်ထိုင်ပြီးသက်ပြင်းချလိုက်သည်
Barမှဆူညံသံများကိုလျစ်လျူရှုပြီး ခဏမှိန်းနေလိုက်၏