2

32.8K 1.8K 40
                                    

Zawgyi

ရှောင်းကျန့်နိုးလာတော့ ခါးကမျက်ခနဲ
ညတုန်းကဆေးအရှိန်ကြောင့် ကောင်လေး သောင်းကျန်းသမျှခံနိုင်ခဲ့ ပေမယ့် အခုမှနာတာက တော်တော်ဆိုးလာသည်
ဘေးကိုကြည့်လိုက်တော့ ကောင်လေးမရှိတော့

ပိုက်ဆံတောင် ယူမသွားဘူး
အဟက် ရှောင်းကျန့်ရာ ရှောင်းကျန့်
ပထမဆုံးအကြိမ်ကို one night stand အဖြစ်ကုန်ဆုံးလိုက်ရတယ်လို့ ကျွတ် ကျွတ်

ရှောင်းကျန့် အဝတ်များကိုကောက်ဝတ်လိုက်ပြီး အပြင်သို့ ထော့နဲ့ထော့နဲ့နဲ့ထွက်လာသည်

ထို့နောက် driverကိုphဆက်ခေါ်ပြီး အိမ်သို့အရင်ပြန်လာခဲ့လိုက်၏

အိမ်ရောက်တော့ ရေချိုးသန့်စင်ပြီးတာနဲ့ တီဗီကြည့်ချင်စိတ်ဖြစ်လာသဖြင့် တီဗီကိုဖွင့်ထားလိုက်သည်
တီဗီမှာ လာနေတာက လူငယ်တွေကြားရေပန်းစား နေတဲ့ အကအစီအစဉ်တစ်ခု
ရှောင်းကျန့် ထိုအစီအစဉ်တွေကိုကြည့်လေ့မရှိသဖြင့်
တစ်ခြား လိုင်းပြောင်းမည်လုပ်တုန်း တစ်စုံတစ်ယောက်ကို မြင်လိုက်သဖြင့် remoteကိုလက်မှ ချလိုက်သည်

"ဟင် ဟိုကောင်လေး
အဲ့တာကြောင့် တွေ့ဖူးပါတယ် ထင်နေတာ

ဒီလိုကျတော့လည်း အင်နိုးဆန့်ရုပ်နဲ့ ထင်ရက်စရာတောင်မရှိဘူး"

ရှောင်းကျန့် ညတုန်းကအကြောင်းများကိုခေါင်းထဲပြန်ပေါ်လာပြီး နှုတ်ခမ်းမဲ့ရွဲကာပြောလိုက်သည်

တီဗီဖန်သားပြင်ပေါ်မှာ ကနေတဲ့ကောင်လေးကို ရှောင်းကျန့်ကြည့်နေရင်းနဲ့မှ အကြည့်မလွှဲနိုင်ဖြစ်သွား၏
မျက်နှာမှာ confidenceအပြည့်နဲ့ စည်းချက်ညီစွာ ကနေပုံက အကအကြောင်းနည်းနည်းမှနားမလည်သော ရှောင်းကျန့်ကိုပင် အထင်ကြီးအံ့သြစေသည်

စင်အောက်မှမိန်းကလေးတွေရဲ့အော်သံများကလည်း သီချင်းသံကိုပင် ဖုံးလွှမ်းမတတ်

"မင်္ဂလာပါ ဝမ်ရိပေါ် ဖြစ်ပါတယ်"
"အားးး"

"ဘာတွေများအဲ့လောက်အော်စရာပါနေလို့လဲ"

ရှောင်းကျန့် အလိုမကျမှုကြောင့် မျက်ခုံးများတွန့်ချိုးသွားသည်

DRUGS(COMPLETED)Where stories live. Discover now