Zawgyi
"ကိုကို ကျွန်တော် လုပ်နိုင်ပါ့မလား"
"လုပ်နိုင်တယ်
ရိပေါ်လောက်တော်တဲ့သူ ကိုကို အခုထိမတွေ့ဖူးသေးဘူး""တကယ်နော် "
"တကယ်ပေါ့ ရိပေါ်ရဲ့"
ပြိုင်ပွဲဝင်မည့် ညီငယ်ကို ရှင်းဝူ ဖက်ရင်း အားပေးစကားဆိုလိုက်သည်
Entertainmentတစ်ခုကဦးစီးကျင်းပသည့်ထိုအကပြိုင်ပွဲတွင်ရိပေါ်က ဒုတိယဆုရ၏
"ကိုကိုပြောသားပဲ ရိပေါ်လုပ်နိုင်ပါတယ်လို့"
"နောက်တစ်ခါ ပထမဆုရစေရမယ်"
"ဟားဟား ဟုတ်ပါပြီဗျာ"
..........
" အဲ့တာ ဘယ်ကပြန်လာကြတာလဲ""ပါး"
"ရှင်းဝူ မင်း မင်းညီကို နားမချတဲ့အပြင် မင်းကပါအဲ့လိုလိုက်လုပ်ပေးနေလို့ သူအဲ့လိုဖြစ်နေတာပေါ့"
"ရိပေါ် ကငယ်ပါသေးတယ် ပါးရာ
သူဝါသနာပါတာကိုလုပ်ပါစေ""ဘာကိုငယ်သေးတာလဲ
အထက်တန်းအောင်လို့ အသက်က၁၈ ၁၉ ရှိနေပြီ
အခုထိရေရာတာဆိုလို့ဘာတစ်ခုမှမရှိသေးဘူး
အဲ့ အရေးမပါတဲ့ဟာတွေကိုပဲလုပ်နေ""ပါး မကြိုက်တိုင်း အရေးမပါဘူးလို့ပြောလို့မရဘူးလေ
ပါးအတွက် ရဲအလုပ်က အရေးပါသလို ကျွန်တော့်အတွက်လဲ ကတာက အရေးပါတယ်""အဲ့တာတွေငါမသိချင်ဘူး
ငါ့သားနှစ်ယောက်မှာ တစ်ယောက်ကစုံထောက်ဖြစ်ပြီး တစ်ယောက်ကရဲဖြစ်ရမယ်
အဲ့တာ ငါ့ရည်မှန်းချက်ပဲ
ငါမသေခင် ဒါလေးတော့ဖြည်းဆည်းပေးကြ""ရိပေါ်"
အခန်းထဲသို့ပြေးဝင်သွားတဲ့ ရိပေါ် နောက်က ရှင်းဝူလိုက်သွားလိုက်သည်
"ရိပေါ် ကိုကိုဝင်ခဲ့မယ်နော်"
".."
ကုတင်ပေါ်တွင်လှဲနေသော ရိပေါ် ဘေးတွင် ရှင်းဝူဝင်ထိုင်လိုက်သည်
"ရိပေါ် ကိုကိုပြောတာသေချာနားထောင်နော်
ပါးက ရိပေါ်ကို ရဲဖြစ်စေချင်တာ
ရိပေါ် ကလည်းဝါသနာကိုမစွန့်လွှတ်နိုင်ဘူးမလား
ကိုကိုပြောသလိုလုပ်ကြည့်
ရိပေါ် ကိုကိုနဲ့အရင်ဥပဒေအကြောင်းတွေအရင်လေ့လာကြည့်လေ
တဖြည်းဖြည်း စိတ်ဝင်စားလာတော့မှ လုပ်လိုက်ပေါ့"
