Zawgyi
"ကော အဆင်သင့်ဖြစ်နေပြီလား"
"အင်း ပြီးပြီ ရိပေါ်"
ရှောင်းကျန့် ခရီးဆောင်အိတ်ထဲတွင်လိုအပ်တာတွေထည့်ပြီး ရိပေါ်ဆီလာလိုက်သည်။
ရေချိုးပြီးခါစရိပေါ်ကိုခေါင်းသုတ်ပေးပြီး အင်္ကျီကြယ်သီးတပ်ပေးတော့ ရိပေါ်ကသဘောတကျရယ်သည်။"ဘာရယ်တာလဲ"
နောက်ဆုံးကြယ်သီးကိုတပ်ပေးပြီးရှောင်းကျန့်ရိပေါ်ကိုအသာတွန်းလိုက်သည်။
"ကော စိတ်လှုပ်ရှားနေတာလား
လက်တွေတုန်နေတယ်""စိတ်လှုပ်ရှားရအောင် ဆယ်ကျော်သက်နှစ်ဆယ်ကျော်လဲမဟုတ်
အသက်သုံးဆယ်ပဲကျော်နေပြီ
စိတ်လှုပ်ရှားတယ်ဆိုရင် လူကြားလို့မှကောင်းပါ့မလား"တစ်ဖက်သို့လှည့်သွားသောရှောင်းကျန့်ကို ရိပေါ်အနောက်မှသိုင်းဖက်လိုက်သည်
"စိတ်လှုပ်ရှားတယ်ဆိုတာ အသက်အရွယ်နဲ့မှမဆိုင်တာ ကောရဲ့
အသက်သုံးဆယ်ကျော်မကလို့ ရှစ်ဆယ်ကျော် ကိုးဆယ်ကျော်ပဲဖြစ်ဖြစ် ကျွန်တော် လုပ်ပေးတဲ့အရာတွေကို ကောနှစ်သက်မယ်ဆိုရင်စိတ်လှုပ်ရှားနေအုံးမှာပဲ
စိတ်လှုပ်ရှားတာက ရှက်စရာမှမဟုတ်တာ"ရှောင်းကျန့်ခဏငြိမ်သက်နေပြီး သူ့ခါးကိုသိုင်းဖက်ထားတဲ့ရိပေါ်လက်တွေကိုအုပ်ကိုင်လိုက်သည်။
"အင်း
ကောစိတ်လှုပ်ရှားနေတယ်ကျေးဇူးတင်ပါတယ်ရိပေါ် ဒီလိုအရာတွေဖန်တီးပေးလို့"
"ဟိုး ဟိုး
ကျေးဇူးတင်မစောနဲ့အုံး ကျန့်ကောရဲ့
ဟိုရောက်မှခါးနာတယ်ဆိုပြီး ကျွန်တော့်ကိုမရိုက်မိအောင်ကြိုးစား"ရိပေါ် စကားကြောင့် ရှောင်းကျန့်ရိပေါ်ဖက်ကိုလှည့်လိုက်သည်။
"ကော ရိပေါ်ကိုဘယ်တုန်းကရိုက်ဖူးလို့လဲ"
"ဟိုတစ်နေ့ကရိုက်တယ်လေ
ခါးနာလို့ဆိုပြီးတော့"ရိပေါ်ပြောမှရှောင်းကျန့်အဲ့နေ့ကအကြောင်းအရာတွေကိုပြန်မြင်လာသည်။
ရိပေါ်က အင်မတန်မှအတတ်ဆန်းသည့်ကောင်လေး။အဲ့နေ့ကမှန်ကြည့်ပြီးလုပ်ချင်တယ်ဆိုလို့ရှောင်းကျန့်မှန်တင်ခုံရှေ့မှာလက်ထောက်ပေးထားရသည်။
ပုံမှန်ဆိုရင်တောင်တော်ရုံနဲ့မပြီးတတ်သည့်ရိပေါ်က မှန်ထဲကရှောင်းကျန့်ကိုကြည့်ပြီး ပြီးသွားလိုက် ပြန်ကြီးလာလိုက်ဖြစ်နေသောကြောင့် ရှောင်းကျန့်မခံနိုင်တော့တဲ့အဆုံး ရိုက်မိတာ။