Intro

13.5K 615 5
                                    

မိုးသံတဖျောက်ဖျောက်က တံစက်မြိတ်ကနေ ပြတင်းပေါက်ဆီ လွင့်ပျံကြသည်...  ဒီနေ့က သူ့ရဲ့ မွေးနေ့ ... ဘယ်သူမှမသိတဲ့ သူရဲ့မွေးနေ့ .... အထက်တန်းနောက်ဆုံးနှစ်ဖြစ်တဲ့ သူက မွေးနေ့ပွဲကိုလည်း တစ်ခါမှ မကျင်းပစဖူး... အသက်တွေသာ တစ်နှစ်ပြီးတစ်နှစ်ကြီးလာတယ် သူ့အတွက်ကျင်းပပေးတဲ့မွေးနေ့ဆိုတာ သူသိရသလောက်တော့ ဗလာနတ္တိ...

အခုလည်း မိုးတွေ ရွာနေပြန်ပြီ ... ဒါက မိုးတွင်းကြီးလည်းမဟုတ်ရပါပဲ ဒီလိုဆက်တိုက်ရွာနေတာ တစ်ပတ်လောက်ရှိနေပြီ ...

ပျင်းရိငြီးငွေ့အောင် သင်ကြားပေးနေတဲ့ဆရာ့အသံက သူ့နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်...

စာသင်နေတဲ့အချိန်တွေကို သူပျော်ခဲ့ဖူးပါရဲ့ ... ဒါပေမဲ့ ... ဒီလိုနေ့တွေမှာတော့ သူမပျော်ဘူး ...ဘာလို့ဆို မိုးရွာတာကို မကြိုက်ဘူး .... ပြီးတော့ ဆယ်ကျော်သက် တစ်ယောက်ရဲ့ ကကျိုးကကြောင်အတွေးတွေက သူ့ကို စာသင်ချင်စိတ်ပျောက်အောင် တွန်းအားပေးနေတယ် ...

ဘယ်လိုမှမခံမရပ်နိုင်တဲ့အဆုံး သူ့ရဲ့မျက်ခွံတွေကို သူကပဲ အရှုံးပေးလိုက်ရတယ် ...
သူဘယ်လောက်ထိအိပ်ပျော်သွားလဲ သူမသိဘူး ...
လက်မောင်းက လှုပ်နှိုးလာမှ အသိဝင်လာခဲ့တယ် ....

အိပ်မှုံစုံမွှားနဲ့ ခေါင်းကစုတ်ဖွားဖြစ်နေမှာ အသေအချာပဲ ...

" ဘာလဲ "

" ပန်းချီပညာပေး ဟောပြောပွဲရှိတယ်တဲ့ "

ဘာတဲ့ ပန်းချီပညာတဲ့လား ... သူမှစိတ်မဝင်စားတာ ...

ထောင်ထားရတဲ့ခေါင်းကို ခုံပေါ်ပြန်မှောက်ချတော့ စောစောက သူငယ်ချင်းကပဲ အတင်းဆွဲထူတယ် ..

" ဆရာမယွီ က မင်းကိုပါ ခေါ်ခဲ့ဖို့မှာသွားတာ လိုက်ခဲ့စမ်းပါကွာ ... ငါဆရာမဆီမှာ အဆူမခံချင်ဘူး "

မပွင့်တပွင့်မျက်လုံးတွေနဲ့ သူ့ကိုဆွဲခေါ်နေတဲ့ လက်မောင်းကလက်တွေပေါ်အကြည့်ပို့လိုက်တော့ ထိုသူငယ်ချင်းက သူ့လက်မောင်းပေါ်က လက်တွေကိုဖယ်ချသွားတယ် ...

" အဲ့ဒါ မင်းကံပဲ ငါတော့မလိုက်ဘူး "

" မလုပ်ပါနဲ့ကွာ လိုက်ခဲ့နော် ... ချုံချင်တက္ကသိုလ်ကဆရာတွေပါ ပါတယ်တဲ့ "

Is it a love story? (Completed)Where stories live. Discover now