GeGe

5.7K 532 3
                                    

ကြည်လင်ပြတ်သားတဲ့ ဆွဲချက်တွေက ပန်းချီကားပေါ်မှာ လွင့်ပျံလို့ ...

သူတို့တွေအကုန်လုံး ဒီဆရာပေါက်စလေးဆီမှာပဲ အာရုံတွေအကုန်အပ်ထားနေမိပုံပဲ ..

အသီးသီးထရပ်ကာ အခန်းပြန်ဖို့ ပြင်နေတော့ သူလည်း ဘာသိဘာသာ မက်တပ်ထရပ်မိတယ် ..

ထိုစဥ်မှာပဲ Microphone speaker ကနေထွက်လာတဲ့ အသံတစ်စ ..

" ကျောင်းသား Wang Yibo ရှိပါသလား "

အားလုံးလှုပ်ရှားသွားလာနေရာကနေ ရုတ်တရက် ရပ်တန့်ကုန်ကြတယ် ... အဲ့တော့ သူလက်ကလေးထောင်ပြမိတယ် ... သူထင်တာမမှားရင် ခုလေးတင်မေးလိုက်တဲ့သူက ဆရာပေါက်စပဲ ဖြစ်မှာ...

သူ့အရပ်က သာမန်ထဲမှာပါပေမဲ့ အရပ်ရှည်နေတဲ့သူတွေကြားမှာဆို သူကပုဝင်သွားတာမို့ သူ့လက်ထောင်ပြထားတာကို မြင်ရပုံမပေါ်ဘူး..

အဲ့ဒါနဲ့ပဲ နောက်တစ်ခေါက် ထွက်အံကျလာလေတယ်...

" ကျောင်းသား Wang Yibo .. ရှိနေတယ်ဆိုရင် stage စင်နားကို တစ်ချက်လာပေးပါခင်ဗျ "

လူအားလုံးကုန်အောင်စောင့်နေမိတယ် ... ဘယ်သူကမှ သူ့ကိုလမ်းဖယ်ပေးကြမှာမဟုတ်ဘူးလေ ... သူ့အနေနဲ့ ရှေ့ဆက်တိုးရင် သူ့ကိုတွန်းတိုက်ကြတာနဲ့ သူ့မှာ stage နားရောက်ဖို့မပြောလေနဲ့ စာသင်ခန်းထဲတောင် ပြန်ပါသွားလောက်တယ် ...

အကုန်လုံးကုန်သွားတော့မှ သူထိုင်နေရာကထပြီး Stage နားသွားရပ်လိုက်တယ် ...

ဆရာတွေအကုန်လုံးက ပစ္စည်းတွေသိမ်းတဲ့သူသိမ်း စကားစုပြောတဲ့သူပြောဆိုတော့ သူ့ကိုဘယ်သူကမှ သတိမထားမိကြဘူး ...

သူကြောင်တောင်​တောင်လေးပဲ ဆက်ရပ်နေမိတယ် ...

ရုတ်တရက် ပန်းချီဆရာက သူ့ဘက်လှည့်လာတော့ ငြိမ်ပြီးရပ်နေတဲ့သူ့ကို မြင်လေတော့ ..

" ဝေါ်သယ်ထျန်း ... ဘုရားရေ ဘာလို့အသံမပေးရတာလဲ ... "

လက်ထဲက ပစ္စည်းတွေအကုန် ပြုတ်မကျအောင် ဆရာက ထိန်းလိုက်ရတာမို့ အနည်းငယ်ကသီနိုင်သွားပုံပါပဲ .... သူလှမ်းဖမ်းလိုက်တော့ ခပ်နွေးနွေးလက်ဖဝါးတို့ကို သူ့လက်တို့နဲ့ ထိခတ်ရုံမက...

Is it a love story? (Completed)Where stories live. Discover now