Mother's Birthday

2.7K 357 17
                                    

For Unicode

မီးဖိုချောင်ဆိုတာ ယောက်ျားတွေနဲ့မအပ်စပ်ဘူးထင်ရင် မှားလိမ့်မယ် ... Zhan Zhan ကတော့ အထက်တန်းကျောင်းသားအရွယ်ကတည်းက မာမားအနား ကပ်ရင်း သင်ခဲ့ဖူးတော့ ထိုအချိန်ကတည်းက မီးဖိုချောင်နဲ့မစိမ်းတော့ ...

မာမားက ထိုအချိန်ကစပြီး သူချက်တတ်လာပြီဆိုတာကို အကြောင်းပြကာ တစ်ခါတစ်လေ သားလက်ရာလေး ချက်ကျွေးစမ်းပါ လို့ ပူဆာတတ်သည်...

ယခုလည်း ပုဇွန်ဟင်းကို စားချင်ပါသည်ဆိုလို့ ပုဇွန်လတ်လတ်ဆတ်ဆတ်ဝယ်ဖို့ စျေးထွက်လာရပြန်သည်... စျေးထဲလျှောက်ကြည့်ရတာမျိုး သူကြိုက်သလားဆိုတော့ ... အင်းပေါ့

အသီးအရွက်တန်းတွေဘက်အရောက်မှာ ပုဇွန်ဟင်းအပြင် အသီးအရွက်ကြော်တစ်ခွက် လုပ်ပေးရင်ကောင်းမလား သူတွေးနေမိသည် .....

မာမား၏ဆွေမျိုးတွေ ပါပါး၏အသိတစ်ချို့တွေပါ လာကြမှာမို့ သူနည်းနည်းထပ်ချက်လိုက်ရင် ပိုအဆင်ပြေသွားမယ်မလား ...

သခွားသီးတွေတွေ့တော့ ဘာမှမဆိုင်ပဲ အသုတ်တစ်ပွဲလုပ်ချင်လာပြန်သည် ... အိမ်မှာ သခွားသီးကြိုက်တဲ့လူရော ရှိလို့လား ....

" Wei "

လျှောက်ကြည့်နေရင်းကနေ ဖုန်းလာတာမို့ ဘယ်သူခေါ်သလဲ မကြည့်နေပဲ ဖုန်းကိုင်လိုက်သည် ..

" Lao Xiao ကျနော်ပါ "

" ဝမ် "

" ဟုတ် ကျနော် အနောက်မှာ "

ဘေးဘီကြည့်မနေပဲ နောက်ကို လှည့်ကြည့်မိတယ် ... လက်ထဲ အိတ်လေးတစ်လုံးဆွဲပြီး သူနဲ့မလှမ်းမကမ်းမှာ ရပ်နေတဲ့ ဆံပင်ပြာပြာနဲ့ လူကောင်လေး...

" လာလေ "

သူလှမ်းခေါ်တော့ ဖုန်းလေးကို ဘောင်းဘီအိတ်ထဲ ထည့်ကာ သူ့ဆီလှမ်းလာတယ် ... သူ့လက်ထဲက တးဘာမှဝယ်မထားသေးတဲ့ ဆွဲခြင်းအလွတ်ကို လှမ်းဆွဲတယ် ... မတားမိလိုက်ဘူး ...

" ဘာဝယ်မလို့လဲ "

" မားက ပုဇွန်စားချင်တယ်ဆိုလို့ "

" ဟင် ဒါက အသားငါးတန်းမဟုတ်ဘူးလေ "

" အင်း အသီးအရွက်ပါဝယ်မလားလို့ .. ဝမ်ရော ဘာကြိုက်တတ်လဲ "

Is it a love story? (Completed)Where stories live. Discover now