Di Di

3.1K 370 7
                                    

For Unicode

" Lao Xiao "

" ဟင် "

" ကျနော်နဲ့ Lao Xiao က ငယ်ငယ်ကတည်းက သိတာပေါ့ အဲ့လိုလား "

" အင်း "

" ဒါဆို ကျနော့်ငယ်ဘဝက ဘယ်လိုမျိုးလဲ "

Ge က အိပ်ယာပေါ် မှီထိုင်နေရင်း စာအုပ်ဖတ်နေရာမှ သူ့ကိုမျက်လုံးလှန်ကြည့်သည် ... ပြီးတော့သူ ပန်းချီဆွဲနေရာနားသို့ ထလာသည် ...

" မင်းက ငယ်ငယ်ကအရမ်းသွက်တယ် "

သူဆွဲလက်စ ပန်းချီပေါ်ကတစ်နေရာကို သူ့လက်ထဲကစုတ်တံကိုနေရာရွှေ့ရင်း ပြင်ချလိုက်တယ် ....

( A/N ကျနော်ပန်းချီမဆွဲတတ်ပါဘူးနော် )

Ge ရဲ့လက်ဖဝါးတွေက ပန်းချီဆရာလက်တွေမို့လို့လားမသိဘူး.. လက်မနဲ့ လက်ညှိုးကြားနေရာတစ်ခုပဲ အသားမာတက်နေပေမဲ့ ကျန်လက်တစ်ပြင်လုံးကတော့ နူးညံ့ချောမွတ်နေတယ် ...

သူ့လက်ကိုအလုံးစုံအုပ်ကိုင်လိူ့ရလောက်တဲ့အထိ Ge ရဲ့လက်ဖဝါးတွေက မကျယ်ပြန့်မကြီးမားပေမဲ့ သူ့ရဲ့လက်တိုတိုလေးတွေကို အုပ်မိုးနိုင်တဲ့ လက်ချောင်းရှည်ရှယ်သွယ်သွယ်တွေရှိတယ် ...

သူက Ge ကို စတွေ့တုန်းက ဒီလက်ကလေးတွေကို အရင်ဆုံးစသတိထားမိတာလေ ...

" မင်းတို့အိမ်ကို ကိုယ်တို့လာရင် မင်းက အရမ်းပျော်တာ ... ကိုယ်လုံးလေး တုတ်တုတ်ဖွေးဖွေးနဲ့ မင်းက ကိုယ်နဲ့ အရမ်းဆော့ချင်တာ ... "

ဆွဲပေးနေတဲ့ လက်တွေ ပြန်ဖယ်ခွာသွားတော့ ဘာမှမဆိုင်ပါပဲ သူ့ရင်တွေ လစ်ဟာသွားရပြန်ပါသည်...

" အရမ်းဆော့ချင်တဲ့ကလေးက ငယ်ငယ်ရွယ်ရွယ်မှာပဲ အပြင်းဖျားတယ် ... အဲ့ဒီတုန်းက Yiboရဲ့မိဘတွေက သိပ်မချမ်းသာဘူး... ကိုယ့်မိဘတွေကလည်း အမွေတွေဘာတွေမရသေးတော့ ပုံမှန်လခစားဝန်ထမ်းနီးပါးပဲရှိတာ ... မင်းအပြင်းဖျားပြီး ဆေးရုံတွေဘာတွေတက်ရတယ် ... ငါးနှစ်သားဖွေးဖွေးတုတ်တုတ် Yibo လေးက ပိန်ကျသွားလိုက်တာများ ကိုယ်ဆို မှတ်တောင်မမှတ်မိတော့တဲ့အထိပဲတဲ့ ... ဆေးတွေစစ်ကြ ပိုက်တွေသွယ်ကြနဲ့တဲ့ ... ကိုယ်တော့မမြင်လိုက်ရဘူး ... ကိုယ့်မိဘတွေက ကိုယ့်ကိုဆေးရုံကိုခေါ်မသွားဘူးကွ ... ဖိုးဖိုးဖွားဖွားအိမ်မှာပဲ ထားခဲ့တာ .... ဂရုတစိုက်ကုသလိုက်လို့ အဖျားတွေကျပြီး နေပြန်ကောင်းသွားပေမဲ့ ဆေးပြင်းတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် နှလုံးအားနည်းသွားတယ်ပြောတာပဲ .... အဲ့ဒီနောက် ဆေးကုသရလွယ်အောင် ပေကျင်းကို ပြောင်းသွားတယ်ပြောတယ်... မင်းအတွက် တစ်နှစ်တစ်ခါဆေးစစ်ဖို့လိုလို့ အဲ့အတွက် ငွေကုန်ကြေးကျအရမ်းများလို့ ဦးလေးရောအားရီရော နှစ်ယောက်လုံးငွေရှာရတယ်လို့တော့ မားကပြောတယ် ... ငယ်ငယ်ကတည်းက ကွဲသွားတာ ဆိုတော့ ကိုယ်က မင်းကို အဲ့ကလေးမှန်း မသိခဲ့ဘူး ...."

Is it a love story? (Completed)Where stories live. Discover now