For Unicode
ယွီအာအနေနဲ့ Xiao Zhan ကို ဒီနေ့စကားပြောဖို့ချိန်းဆိုလိုက်တယ် ...
သူစကားပြောဖို့ ချိန်းဆိုလိုက်တိုင်း Xiao Zhan က ပေါ်မလာဘူး ... ဘာလို့ဆို သူပြောမဲ့စကားကို ရိပ်မိနေလို့ပဲ ဖြစ်တယ် ...
နွားနို့ပူပူတစ်ခွက်မှာရင်း နေရောင်တွေကျနေတဲ့ ခုံတွေဘက်မှာ ထိုင်နေလိုက်တယ် ... ပြီးတော့ ပျားပန်းခတ်လှုပ်ရှားနေကြတဲ့ လူတွေကို ငေးနေမိတယ် ...
သူပင်ပန်းနေပြီဆိုတာကို ဒီနေ့တော့ Xiao Zhan ကိုပြောပြရမယ် .... Xiao Zhan မလာမချင်း သူမပြန်ဘူးလို့ ဖုန်းထဲမှာ ထည့်ပြောဖို့မမေ့ခဲ့ဘူး ..
သူနဲ့ Xiao Zhan က အထက်တန်းအတူတူတက်ခဲ့ကြတာ .... ပြီးတော့ တစ်နယ်တည်းတူတူကြီးလာခဲ့ကြတဲ့ သူငယ်ချင်းတွေ ...
ကျောင်းမှာ နာမည်ကြီးတဲ့ ကျောင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ Xiao Zhan နဲ့သူ ရင်းနှီးပေမဲ့ အထက်တန်းတစ်လျှောက်လုံး Xiao Zhan က သု့အပေါ် ညီမလေးတစ်ယောက်လိုပဲ ခင်ခဲ့တာ သူသိနေခဲ့တယ် ...
သူတို့တွေ တက္ကသိုလ်စတက်တော့ Xiao Zhan က ချုံချင်အနုပညာတက္ကသိုလ်ကိုရွေးချယ်ခဲ့ပြီး သူကတော့ သမိုင်းမေဂျာကို လျှောက်ခဲ့တယ် .... ယွီအာက ငယ်ငယ်လေးကတည်းက သမိုင်းကို စိတ်ဝင်စားတဲ့သူ ... ပြီးတော့ စာလည်းသင်တတ်တဲ့သူဆိုတော့ သမိုင်းကိုပဲ ရွေးခဲ့တယ် ...
တက္ကသိုလ်နှစ်ခုက ကပ်လျက်ဖြစ်နေတော့ Xiao Zhan က သူ့ဆီ အမြဲ လာတတ်တယ် ... ပြီးတော့အိမ်အတူပြန်ကြတယ် ....အများအမြင်မှာ တတွဲတွဲဖြစ်နေပေမဲ့ သူတို့နှစ်ယောက်က တကယ် သမီးရည်းစားတွေ မဟုတ်ခဲ့ကြဘူး ...
ဒါပေမဲ့ လူဆိုတာလည်း ခက်သားလား ... တက္ကသိုလ်ဝင်းနှစ်ခုလုံးမှာ ထွက်လာတဲ့သတင်းကသူ့ဘက်ကနေ Xiao Zhan ကို တွယ်ကပ်နေတယ်တဲ့လေ ...
အဲ့အချိန်ကစပြီး Xiao Zhan က အကုန်လုံးကို မဟုတ်ပါဘူးလို့ ဖြေရှင်းမနေခဲ့ဘူး ..... သွားအတူလာအတူနေခဲ့တယ် .. ပြီးတော့ တစ်ယောက်ယောက်ကများ မင်းတို့တွဲနေကြတာလားလို့ မေးရင် ပြုံးပြုံးလေးနဲ့ ခေါင်းညိတ်ပြတတ်တယ် ..
သူတို့နှစ်ယောက်မှာ ဘယ်သူကမှ ဖွင့်မပြောခဲ့ပါပဲနဲ့ အတွဲတွေ ဖြစ်သွားခဲ့တာ ခုချိန်ထိပဲ...
YOU ARE READING
Is it a love story? (Completed)
FanfictionOne love story. One True Pair. Or Else???