A Stair and An Expected Kiss

3K 379 11
                                    

For Unicode

" ဇောင်အန်း Xiao Zhan Laoshi "

သူတို့နှစ်ယောက်ရပ်နေတဲ့နားကနေ ဖြတ်လျှောက်သွားတဲ့ ကျောင်းသားကျောင်းသူတွေက Xiao Zhan ကို မြင်တာနဲ့ နှုတ်ဆက်သွားကြတယ် ...

စက်ဘီးကို ခြေထောက်တစ်ဖက်ထောက်ရပ်ထားတဲ့ Yibo ဟာ Xiao Zhan ရဲ့ အကြည့်ကြောင့် နောက်ပြန်ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်လိုက်တယ် ...

မဖြီးမသင်ထားပေမဲ့ အမြဲပျော့အိနေတတ်တဲ့ ဆံပင်အပြာရောင်တွေက လှုပ်လီလှုပ်လဲ့နဲ့ နဖူးပြင်ပေါ် ကျဆင်းလာတယ် ...

" သက်သာသွားပြီလား ကျောင်းသားဝမ် "

" ကျနော့ကို Yibo လို့ပဲ ခေါ်ပေးလို့မရဘူးလား Lao Xiao "

" ရတာပေါ့ "

ပြောရင်းနဲ့ Xiao Zhan ဟာ လက်ကနာရီကို တစ်ချက်ကြည့်လိုက်မိတယ်... အာ နောက်ကျနေပြီပဲ ...

" သွားတော့မယ် ဝမ် ... အဲ Yibo ... "

ကျောင်းသားဝမ် လို့ထွက်တော့မဲ့ပါးစပ်ကို အတင်းပြန်ပိတ်ကာ Yibo လို့ ခေါ်ရင်း အနုသုခုမ အဆောင်ဘက်ကို မပြေးရုံတမယ် ခြေလှမ်းကျဲတွေနဲ့ ထွက်ခွာလိုက်မိတယ် ...

( A/N တရုတ်ဘာသာစကားအသုံးအနှုန်းတွေကို စိမ်းနေမယ်လို့မထင်ပါဘူး ... ဒီနေရာမှာ ဝမ်လို့ ပါးစပ်က အရင်ထွက်သွားတာကို တွေ့မှာပါ ... မြန်မာစကားအရဆိုရင်တော့ ကျောင်းသားဝမ်ဆိုပြီး ကျောင်းသား ဆိုတဲ့စကားသံက အရင်ထွက်ပေမဲ့ တရုတ်ဘာသာစကားအရ ဝမ် ဆိုတာက အရင်လာပါတယ် ... ကျနော်သုံးလိုက်တဲ့ ဒီနေရာက ကျောင်းသားဆိုတာက Wang Xuéshēng လို့သုံးတာပါ  Wang Tóngxué လို့ သုံးရင်လည်းရပါတယ် ... စကားပြောတဲ့အခါ နာမည်ကိုအရှေ့ကသုံးကြတာမို့ Wang ဆိုတာက အရင်ထွက်သွားတာပါ )

အနောက်ကနေ ရပ်ကြည့်ရင်း ပြုံးစိစိဖြစ်နေခဲ့တဲ့ ကျောင်းသားရဲ့အဖြစ်ကိုတော့ Xiao Laoshi တစ်ယောက် မမြင်ခဲ့ပါလေ ...

အဲ့မျက်နှာလေးက မြင်ရခဲတဲ့ ချစ်စရာပေါက်စီလုံးလေးဆိုတာကိုပေါ့ ... အိုက်ယား နှမျောလိုက်တာ ...

.............

Yibo ရောက်သွားတဲ့အချိန်မှာ အကခန်းမထဲမှာ လူအတော်စုံနေပြီဖြစ်တယ် ...

Is it a love story? (Completed)Where stories live. Discover now