For Unicode
ကော်ဖီဆိုင်ကနေ အဆောင်ကိုပြန်ရောက်တော့ ည၁၁နာရီရှိသွားပြီ.. ညနေထမင်းစားပြီးကတည်းက အလုပ်လုပ်နေခဲ့တာမို့ သူ့မှာ ပြန်ရောက်တာနဲ့ အိပ်ဖို့ကလွဲလို့ ဘာမှရှိမနေ..
တစ်ယောက်ခန်းကို အဆောင်မှာ ရထားလေတော့ သူ့မှာ နားညည်းသက်သာသလို အေးအေးဆေးဆေးလည်း နားနိုင်သည်...တစ်ယောက်တည်း အကကျင့်ချင်လည်း ကျင့်နေနိုင်တယ်လေ..
ကျောပိုးအိတ်ကို စားပွဲပေါ်တင်ကာ ရေတစ်ဘူးယူပြီး ဝရံတာကို ထွက်လာဖြစ်သည်.. သူဒီရက်ပိုင်း စိတ်လည်းပင်ပန်းရသလို.. စိတ်လည်းပျော်နေသည်...
စိတ်ပျော်တာက သူဟာ Ge ကို နေ့တိုင်းကျောင်းမှာတွေ့နေရလို့..
စိတ်ပင်ပန်းတာကတော့ Ge က အရင်လို ပျော်မနေဘူး... ပြီးတော့ Single ဖြစ်သွားပြီဆိုတာ သိသွားတဲ့ ကျောင်းက ကျောင်းသူ ဆရာမတွေသာမက အမျိုးသားထုကပါ Ge နောက် တကောက်ကောက်လိုက်ကာ စိတ်ဒုက္ခတွေ လိုက်ပေးနေတာကို သူ့မှာ ဘာမှမလုပ်ပေးနိုင်ပဲ ဒီတိုင်းကြည့်နေရလို့....
ရေဘူးကို တစ်ဝက်နီးပါးကျိုးအောင်သောက်ချလိုက်တာတောင် သူ့ရင်က အေးမသွားဘူး...
လေတစ်သုတ်ရလိုက်တော့ ချွေးစက်တို့စိုနေတဲ့ သူ့လည်တိုင်တွေတော့ တစ်ခဏအေးသွားတယ်..
" ဒေါက် ဒေါက် "
ရုတ်တရက်ကြားလိုက်ရတဲ့ တံခါးခေါက်သံ...
ဘယ်သူပါလိမ့် ... ဒီအချိန်ကြီး... သူ့ဆီလာစရာဧည့်သည်လည်းမရှိပါ... မိဘတွေဆိုဝေးရော..
ရေသန့်ဘူးကို ဝရံတာ လက်တန်းပေါ်တင်ထားခဲ့ကာ အခန်းတံခါးကို သွားဖွင့်ပေးလိုက်တော့..
နီယွန်မီးရောင်တွေလင်းထိန်နေတဲ့ လျှောက်လမ်းပေါ်မှာ... အဖြူရောင်ဆွယ်တာ လက်ရှည်နဲ့ အိတ်အမည်းတစ်လုံးကိုကိုင်ကာ မက်တပ်ရပ်နေသူ..
" Zhan Ge အဲ Xiao Laoshi ဘယ်လိုလုပ်... "
" ကိုယ်ဝင်လာလို့ရမလား "
ဆံပင်တွေက ရှုပ်ပွနေတာမဟုတ်ပေမဲ့ ပုံမှန်လို ဖီးသင်ထားတာမျိုးလည်းမရှိ.. ခေါင်းကလောင်းချိုးပြီး ရေတောင်သုတ်ခဲ့ပုံမပေါ်... မြင်လိုက်တိုင်း လောင်းကုတ်နဲ့ စတိုင်ပင် နဲ့မို့.. ဆွယ်တာအဖြူနဲ့ ဂျင်းပြဲဘောင်းဘီအနက်က တစ်မျိုးတော့ လူငယ်ဆန်နေတယ်... ပြီးတော့ ဒီမြင်ကွင်းက သူ့အတွက် မကောင်းဘူး...
YOU ARE READING
Is it a love story? (Completed)
FanfictionOne love story. One True Pair. Or Else???