For Unicode
ပျပျလေးလင်းနေတဲ့အခန်းထဲမှာ ထောင့်ကပ်ကာပုံထားတဲ့ပစ္စည်းတွေရှိတယ် ... CD ကနေထွက်လာတဲ့အသံဆူဆူတို့နဲ့အတူ လှုပ်ရှားမှုပုံရိပ်တွေက နံရံတွေမှာ ပြေးလွှားလို့...
လှုပ်ရှားမှုဟန်ပန်တွေက အသည်းအသန်ကို ဖြစ်နေတာမို့ လှုပ်ရှားနေသူကတော့ တကယ် မောပန်းနေလောက်ပြီ ....
အသံတို့တိတိပပရပ်သွားတာနဲ့ လှုပ်ရှားနေသူက သူ့ဒူးတွေပေါ် လက်ထောက်ကာ ကုန်းလိုက်တယ် ... အသက်ရှူသံတွေ ပြင်းနေသလို ရင်ဘတ်တစ်ခုလုံးကလည်း ဖားဖိုကြီးလိုမို့မောက်ကာလှုပ်ရှားလို့ ...
" ဟူးးး မလွယ်ဘူး... တက္ကသိုလ်ဝင်ခွင့်ကလည်း ခက်ခဲလိုက်တာ "
ပြီးတော့ ထိုလူက ပြောင်သလင်းခါနေတဲ့ ကြမ်းပြင်ပေါ်ကိုလှဲချလိုက်တယ် ... ဟုတ်တယ် ဒီတစ်ခါလည်း သူဝင်ခွင့်မအောင်ပြန်ဘူး...
မျက်လုံးတွေကိုမှိတ်ထားပေမဲ့ စိတ်ကဂနာငြိမ်ပုံမရဘူး ... ထိုလူသားလေးက ခပ်လှမ်းလှမ်းက ဖုန်းကို ဆွဲယူကာ ဖွင့်ကြည့်လိုက်တယ်.. ပြီးတော့ contact ထဲက နာမည်တစ်ခုကိုကြည့်တယ် .. ပြီးရင်ပြန်ပိတ်လိုက်တယ် ... ဒါကနေ့တိုင်းလုပ်နေကြအရာတစ်ခုလိုပဲ ... အဲ့နံပါတ်က contact ထဲမှာရှိနေပေမဲ့ call log ထဲမှာတော့ တစ်ခါမှ နေရာမယူဖူးဘူး ..
ထိုအချိန်မှာပဲ ဖုန်းထဲကို SMS တစ်စောင်ဝင်လာတယ် ... ဒါက သူသိနေကြပဲ ... ဒီနေ့ကလကုန်ရက်လေ ... သူ့ရဲ့အဝေးမှာစီးပွားရှာနေတဲ့ မိဘတွေဆီက ဝင်လာတဲ့ အသုံးစရိတ်ကလွဲလို့ ဘာရှိမှာလဲ ...
ဒီအသုံးစရိတ်တွေ သူမလိုဘူးဆိုတာကို ဘယ်လိုပြောရပါ့မလဲ ... သူ့မိဘတွေက တကယ်ပဲ သူ့ကို ပိုက်ဆံပေးထားရင် သူနေလို့ရပြီလို့များတွေးထားခဲ့တာလား ...
သူဖုန်းကိုပိတ်လိုက်တယ် ... ပြီးတော့ ချွေးစိုနေတဲ့အဝတ်တွေကိုချွတ်ပြီး ရေချိုးလိုက်တော့တယ် .. သူအချိန်မီပြီးမှရမယ်လေ အချိန်ပိုင်းအလုပ်ကရှိသေးတယ် ..
သူခေါင်းစွပ်လေးစွပ်ပြီး ဟောနန် ( ဟဲနန် ) ရဲ့ ဆောင်းရာသီကိုကြိုဆိုလိုက်တယ် .. ဒီလိုနှင်းဖွေးဖွေးကျတဲ့နေ့တွေဆို သူသိပ်သဘောကျတယ် ... သူအချိန်ပိုင်းလုပ်တဲ့ 24hour store မှာ လူသိပ်မကျဘူးလေ ...
YOU ARE READING
Is it a love story? (Completed)
FanfictionOne love story. One True Pair. Or Else???