For Unicode
Yibo အဲ့နေ့ပြီးကတည်းက Ge ကိုမမြင်မိတော့တာပါပဲ..
အဲ့နေ့က....
သူအဲ့နေ့က အချိန်ပိုင်းလုပ်ဖို့ ဆိုင်ကိုနောက်ကျမှရောက်လာခဲ့တယ်... ဆိုင်ကအသစ်မို့ သူတစ်ခါရောက်ဖူးပေမဲ့ မျက်စိလည်ပြီး နောက်ကျနေခဲ့တာ..
ဟုတ်တယ် သူအခု ချုံချင်မှာပေါ့ .. တက္ကသိုလ်... အင်း အနုပညာတက္ကသိုလ်..
အကပညာပထမနှစ်ကျောင်းသားဖြစ်လာတဲ့ Yibo ဟာ သူ့မိဘတွေဆီ ဖတ်ဖတ်မဖတ်ဖတ် ဆိုပြီး Mail တစ်စောင်ပို့ကာ ချုံချင်ကိုထွက်ခဲ့ခြင်းဖြစ်သည်..
အားနေတဲ့အချိန်မှာတော့ သူ့အတွက် ကတာအပြင် ဘာရှိမှာလဲ ... ဒီတော့လည်း ထုံးစံမပြတ် အချိန်ပိုင်းအလုပ်ခေါ်မလားဆိုပြီး လိုက်ကြည့်လာခဲ့တာ..
ချုံချင်အနုပညာတက္ကသိုလ်နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေသော ကော်ဖီဆိုင်ကလေးရှေ့မှာ ချိတ်ထားခဲ့တဲ့ part time worker အလိုရှိသည်ဆိုသော စာရွက်ကလေးက ချမ်းအေးတဲ့ရာသီဥတုမှာ အကြာကြီးအပြင်မှာ လျှောက်သွားနေခဲ့ရတဲ့သူ့အတွက်တော့ ချက်ချင်းနွေးထွေးသွားသလိုပဲ..
ညနေအတန်းချိန်ပြီးတဲ့အချိန်တိုင်း အလုပ်ဆင်းဖို့ပြောပေမဲ့ အားလပ်တဲ့အချိန်တိုင်းမှာ လာလို့လည်းရပြီး အဲ့ဒီအတွက် သူက အချိန်ပိုကြေးရမယ်လို့ ဆိုင်ရှင်ကပြောတယ်..
ဒါနဲ့ပဲ သူလည်း အလုပ်ရခဲ့လေသတည်းပေါ့ ...
ကျောင်းတွေမတက်ရသေးတော့ သူလည်း အချိန်ပြည့်အားနေခဲ့တာပေါ့.. နောက်တစ်နေ့မှာ ဆိုင်ကို သူသွားခဲ့ပေမဲ့ ဖြစ်ချင်တော့ သူရောက်သင့်တဲ့အချိန်ထက်နောက်ကျနေခဲ့တယ်.. အဲ့ဒါကြောင့်ပဲ သူဟာအလောတကြီး ဆိုင်ထဲဝင်ပြီး ဆိုင်ရှင်ပေးတဲ့ အေပရွန်လေးကိုဝတ်ကာ စားပွဲထိုးနေခဲ့တယ် .. ကော်ဖီမှာတဲ့ဝိုင်းကိုသွားချပေးတဲ့အချိန်မှာပဲ ဝိုင်းရဲ့တစ်ဖက်က စားပွဲမှာထိုင်နေတဲ့ အမျိုးသမီးကို သူမြင်လိုက်တယ်..
" ဆရာ.. မ .. ယွီ "
သူ့ရဲ့ ဆရာမဆိုပြီး အံ့ဩတကြီးခေါ်သံလေးက ဆရာမရဲ့တစ်ဖက်ခြမ်းမှာ သူ့ကိုနောက်ကျောပေးပြီးထိုင်နေတဲ့ အဖြူရောင်လောင်းကုတ်ဝတ်ကျောပြင်လေးကြောင့် အသံက လုံးဝထွက်မလာတော့...
YOU ARE READING
Is it a love story? (Completed)
FanfictionOne love story. One True Pair. Or Else???