For Unicode
သူဖျားတယ်တဲ့ ...
ဆေးထိုးတာလေးနဲ့ သူဖျားတယ်တဲ့ ...
ခုတော့ အဆောင်ခန်းရဲ့ အေးစက်စက်ခြောက်ကပ်ကပ် အငွေ့အသက်အောက်မှာ ကုတင်ပေါ်ဆန့်ဆန့်ကြီး မှောက်ရင်း သူဖျားတယ်တဲ့ ....
မနက်ဖန်တက်ရမဲ့အတန်းမှာ အကပညာကကို သုံးတန်းလောက်ပါသည် ... ရိုးရာ.. ခေတ်ပေါ်နဲ့ .. ပြဇာတ် ဖြစ်သည်..
မနက်ဖြန် အတန်းတွေအတွက် သူ့မှာ အားအင်ပြည့်ဖြိုးနေဖို့လိုသည်... အိပ်ရေးဝနေဖို့လည်းလိုသည် ...
အခုတော့ ခြေထောက်နာနေရုံသာမက ဖျားပါဖျားနေသည်တဲ့လား ... ချစ်ရသူပြောသမျှ တသဝေမတိမ်းလိုက်နာတတ်တဲ့ သူ့အပြစ်ပဲ ဆိုရပေမည်..
မှောက်ခုံမှောင်နေရင်းကနေ အသံကျယ်ကျယ်ထအော်မိသည် ...
" အား..... Lao Xiao "
" အေး "
ရုတ်တရက်တံခါးဖွင့်သံနဲ့အတူ ထူးလာပါတဲ့ အသံအေးအေး ..
" ထျန်းနား "
အလန့်တကြားထချင်ပါသော်ငြား ညောင်းညာကိုက်ခဲနေတဲ့ ကိုယ်လုံးက သူ့ကို အားမပေး... ကုတင်ပေါ်မှောက်ရက်ကနေ Lao Xiao မမြင်အောင် မျက်နှာကို ပုန်းကွယ်မိသည်...
" ခေါ်တုန်းကခေါ်ပြီးတော့ ပြော "
" ... "
" ဟေ့ ကောင်လေး .. ဝမ် "
" ကျနော် မခေါ်ပါဘူး ... ဒီတိုင်း "
" နေမကောင်းဘူးလား ထဦး "
ပြောသံနဲ့အတူ ဆွဲထူလိုက်တဲ့ လူရဲ့ရင်ခွင်ထဲ စွေ့ကနဲပါသွားလေသည်... နွေးထွေးတယ် ... ဒါပေမဲ့ ...
" ဖျားနေတာလား "
အသားဖြူဖြူမျက်နှာပေါ်မှာ အပူကြောင့်နီရဲနေမယ်ဆိုတာ သူသိနေသည်...
" ရတယ် "
" ဘာရတာလဲ ခဏနေခဲ့ဦး "
Lao Xiao က သူ့ကို ကုတင်ပေါ် ပြန်ပက်လက်ချပေးခဲ့ပြီးတာနဲ့ အပြင်ပြန်ထွက်သွားခဲ့သည်... ဘာလဲ သူ့အတွက် တစ်ခုခုသွားဝယ်ပေးမလို့များလား ..
ကုတင်ပေါ်ပက်လက်လေးကနေ ကုတင်အောက်ကို သူ့ကိုယ်တစ်ပိုင်းလျှောချလိုက်သည်... သူ့ကုတင်ဘေးမှာ ကျနေတဲ့ လွယ်အိတ်လေးကို ယူကာ မနေ့က ဆေးခန်းကပေးလိုက်တဲ့ ဆေးကိုယူထုတ်လိုက်သည်.. ရေထယူမလား စဥ်းစားလိုက်ပေမဲ့ မထူနိုင်တဲ့ခေါင်းနဲ့ မလျှောက်နိုင်တဲ့ခြေထောက်တွေကြောင့် ဆေးအစုံလိုက်ကို ရေမပါပဲ မျိုချမိသည်... ခြောက်ကပ်နေတဲ့ လည်ချောင်းတွေကြောင့် ဆေးတွေက မျိုမကျပဲ လည်ချောင်းမှာတင် ခါးသက်ကုန်သည် ...
YOU ARE READING
Is it a love story? (Completed)
FanfictionOne love story. One True Pair. Or Else???