ဖြိုးဟိန်း... အင်း...
ဒီနာမည်ကို ရေရွတ်မိရုံနဲ့ ကျွန်တော့်
စိတ်ဝိညာဉ်တစ်ခုလုံးဟာ မဟာထဝီဝင်မြေကြီးက
တစ်သိမ့်သိမ်တုန်တက်လာသလိုမျိုး
ခြေမကိုင်မိလက်မကိုင်မိဖြစ်စေသည်အထိ
စွမ်းနိုင်ခဲ့တဲ့ ယောက်ျားဘသား
အမျိုးကောင်းသားတစ်ဉီးပေါ့...။
ဒီအမျိုးသား ကအမှန်စင်စစ် ကျွန်တော်
အကြိမ်ကြိမ်ပြိုလဲရာဘုံဗိဗ္မာန်လေးပေါ့...။တစ်ခုသတိပေးမယ်နော်...
အခုကျွန်တော် ပြောပြမှာက
အမျိုးသား နှစ်ဉီးကြားက တစ်ယောက်ပေါ်
တစ်ယောက် ရှိထားကြတဲ့
ချစ်ခြင်းမေတ္တာ ကိုပုံဖော်မှာဖြစ်တဲ့အတွက်
စာဖတ်သူမိတ်ဆွေက Gay တစ်ဉီးပေလား...?
ဒါမှမဟုတ် LGBT ကို ထောက်ခံအားပေးတဲ့
Support လား...?
LGBT Anti ဆိုရင်တော့ဆက်မဖတ်ဖို့ အကြံပြုပါရစေ...ဟုတ်ပြီ... ကျွန်တော်တို့ ပြောနေတာဘယ်နားရောက်သွားပြီလဲ...အာ...သတိရပြီ...
အခု ကျွန်တော့်ရဲ့ အမျိုးသား အကြောင်းကိုပြောပြမယ် ။ ပထမဉီးဆုံး သားဟိန်းရဲ့ အကြောင်းမပြောခင် သားဟိန်းရဲ့ အမျိုးသား
ဖြစ်တဲ့ကျွန်တော့်အကြောင်းလေး
ကြော်ငြာနည်းနည်းဝင်မယ်နော်...ဟုတ်... ကျွန်တော့်နာမည်က ဟိန်းထက်အောင် ပါ ။ လောလောဆယ်တော့နာမည်ပဲမိတ်ဆက်ပေးထားမယ် ။ ဘာလို့ဆိုတော့ ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်ပြီးသွားရင် ကျွန်တော့်အကြောင်းကပြောစရာမလိုအောင် နားလည်လာပါလိမ့်မယ်..။ ဟုတ်ပြီ... အဓိကပြောချင်တာကတော့
သားဟိန်း ရဲ့ နှစ်ယောက်မရှိတဲ့ အမျိုးသားပေါ့ ။
သားဟိန်း နဲ့ကျွန်တော်က ဟိုးးငယ်ငယ်လေးကတည်းက ခင်ခဲ့ကျတာဗျ့...။
သူငယ်တန်းကတည်းကဆိုပါတော့ဗျာ...။
ဟုတ်ပါတယ်... ငယ်ငယ်လေးကတည်းကအနှီး
အကောင်ကို ကျွန်တော်ကတစ်ဖက်သတ်ချစ်မိခဲ့ရာကနေ အသက်ကြီးလာတော့ အပိုင်းပါသိမ်းပစ်တာ...။လွယ်တော့မလွယ်ဘူးပေါ့ဗျာ...။ခင်ဗျာတို့ဖြတ်သန်းလာတဲ့ဘဝဆိုတာကြီးမှာ နောင်တဆိုတာကြီးကိုရဖူးခဲ့ကြလားဗျ့။
သူများပစ္စည်းဖျက်ဆီးပစ္စည်းပစ်လိုက်လို့ အိမ်ကမွေးသမိခင်ကကြိမ်လုံးခပ်တုတ်တုတ်နဲ့ဆော်ခံရတဲ့အချိန်မျိုးမှာလား...?ဒါမဟုတ် ကိုယ့်သူငယ်ချင်းကို ထိုးလိုက်လို့ သူငယ်ချင်းကစကားမပြောတော့တဲ့အခါမျိုးမှာလား...?
ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်ကို မကြည့်လိုက်ရလို့ စိတ်ပျက်ဝမ်းနည်းမိတဲ့ အခါမျိုးမှာလား...?
ကိုယ်အနှစ်သက်ဆုံးအရုပ်ကလေးက တစ်စုံတစ်ယောက်ကြောင့် ပျက်စီးသွားတဲ့အခါမျိုးမှာလား...?။ ကျွန်တော့်အတွက်တော့ ဒါတွေတစ်ခုမှမဟုတ်ဘူး...။ ၆ တန်းကျောင်းသားဘဝပြီးနောက် ကိုယ့်ဘဝမှာ ပထမဉီးဆုံးနဲ့ နောက်ဆုံး နောင်တအကြီးကျယ်ရခဲ့ဖူးတယ်...။ ရိုးရိုးလေးပါပဲ ။ ကျွန်တော်ရခဲ့တဲ့ နောင်တက တစ်စုံတစ်ယောက်နားက ခေတ္တခဏ ထွက်ခွါသွားမိလို့ဗျ့...။
YOU ARE READING
ဖြိုးဟိန်း ( On going)
RomanceUnicode. ငယ်ငယ်လေးကတည်းကမိခင်နဲ့မခွဲဖူးတဲ့ကောင်လေးတစ်ယောက်ဟာ ၆ တန်းအရွယ်နဲ့သူ့မိခင် ကိုဆုံးရူံးလိုက်ရတဲ့ " ဖြိုးဟိန်း "... သူငယ်တန်းကတည်းကပေါင်းလာတဲ့သူငယ်ချင်းဖြစ်သူက သူ့အပေါ်မေတ္တာရှိကြောင်းသူ့အပြုအမူတွေကနေတစ်ဆင့် ဖော်ပြလာတဲ့အခါ... အမျိုးသားတစ်ယောက...