[ Unicode]
စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေသည် တစ်ခြားကျောင်းသားကျောင်းသူများအဖို့ ဘယ်လိုရှိမလဲဆိုတာ ကျွန်တော်သိချင်လှသည်... ကျွန်တော်တို့သူငယ်ချင်းတစ်စုကတော့ စာအုပ်နှင့်မျက်နှာပြတ်သည်ကိုမရှိ... အခုလဲ အန်တီလေး၏တိုက်ခန်းမှာ လေးယောက်သား စာတွေကုန်းလုပ်နေရသည်လေ... မနက်ကတည်းကလုပ်လာလိုက်တာ ခု နေ့လည်တောင်တော်တော်စောင်းနေရောပေါ့... နှစ်ယောက်ကြည့်စာပွဲလေးကနေ လေးယောက်ဖြစ်လာတော့ စာပွဲဝိုင်းကြီးတစ်လုံးဝယ်လိုက်ရသည်...
ဘုရားစင်ဘက်မှာက ရဲစစ်သွေး... သူ့ဘယ်ဖက်က ဟိန်းထက်အောင်... ဟိန်းထက် မျက်နှာချင်းဆိုင်က ဝေဖြိုးဦး... ဝေဖြိုးဦး ညာဖက်က ကျွန်တော်.. အန်တီလေးကတော့ကျွန်တော်တို့ကိုစာပေးပြီး နောက်ဖေးမှာထမင်း၊ဟင်းချက်နေလေရဲ့... ၃ တန်းတက်နေပြီဖြစ်တဲ့ သေးသေးလေးကတော့သူ့အခန်းထဲအိပ်ဆဲ...နေ့လည်စာကို ဟိန်းထက် မှလွဲကျန်သုံးယောက်ကတော့ထမင်းချိုင့်ထုပ်လာဖြစ်ကြသည်... နေ့လည်စာစားပြီကတည်းက စာကြည့်စာပွဲပြန်ထိုင်နေရတာကြာတော့ပျင်းလာတယ်...
" ဟိန်းထက်... အန်တီလေး ကဒီနေ့တစ်ခြားဝိုင်းတွေသင်စရာမရှိဘူးလား... "
စာအုပ်တွေဖွင့်ထားလျက်ပြန့်ကျဲနေတဲ့အပေါ်ခေါင်းစောင်းမှောက်နေရင်းက ပျင်းရိလေးဖင့်စွာမေးလာတဲ့ ဝေဖြိုးဦး... ဒါကိုကျွန်တော်လဲမေးမလို့... အန်တီလေး ခါတိုင်းဒီချိန်ဆို ဝိုင်းတွေလိုက်သင်နေရပါပြီ... ဒီနေ့မှ အေးအေးလူလူ ဟင်းတောင်ချက်နေသေး... မြန်မာစာဆရာမ၏ခက်ဆစ်တွေအိမ်စာပေးလိုက်ခြင်းကို စာပွဲပေါ် မေးတင်ကာစာရေးနေဆဲ ဟိန်းထက်ကတော့အဖြေထွက်မလာသေး...
" အေး.. ဟုတ်တယ်... အားလပ်ချိန်လေးတောင်းကြည့်ပါလား ဟိန်းထက်... ငါတို့တစ်မနက်ခင်းလုံးထိုင်နေပြီးပြီကို.. "
နေပါဦး... ဒီကောင်တွေခက်ဆစ်ကအခုမှရေးတာလား... သူရေးတာကြည့်လိုက်တော့လည်း ဟိန်းထက်နည်းတူ... ဝီရိယမရှိလိုက်တဲ့ကောင်တွေ... သူ့ကောင်ဘက်လိုက်ပြီးစစ်ကူတောင်းပေးနေသော ရဲစစ်သွေး ခေါ် လောရှည်ကောင် ကိုဘုကြည့်သာကြည့်ပေးလိုက်တော့တယ်... တစ်ခြားအပိုလိုတွေမပြောချင်တော့ဘူး... ဒီကောင်ပြောတာလဲဟုတ်နေသားပဲ... ကျွန်တော်တို့တစ်မနက်ခင်းလုံးထိုင်ပြီးပြီပဲလေ...
YOU ARE READING
ဖြိုးဟိန်း ( On going)
RomanceUnicode. ငယ်ငယ်လေးကတည်းကမိခင်နဲ့မခွဲဖူးတဲ့ကောင်လေးတစ်ယောက်ဟာ ၆ တန်းအရွယ်နဲ့သူ့မိခင် ကိုဆုံးရူံးလိုက်ရတဲ့ " ဖြိုးဟိန်း "... သူငယ်တန်းကတည်းကပေါင်းလာတဲ့သူငယ်ချင်းဖြစ်သူက သူ့အပေါ်မေတ္တာရှိကြောင်းသူ့အပြုအမူတွေကနေတစ်ဆင့် ဖော်ပြလာတဲ့အခါ... အမျိုးသားတစ်ယောက...