Part - 4

117 19 1
                                    

ကောင်းကင်ထက်ကမိုးသားတိမ်လိပ်တိမ်စိုင်တွေဟာ ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲနေသလို အချိန်တွေရဲ့ စက္ကန့်လက်တံ နာရီလက်တံတို့ဟာ ၂၄ နာရီပြည့်အောင်လည်မြဲလည်လျက်ပင်... ဒုကျောင်းအုပ်ဒေါ်ထက်ထက်အေး ဆိုတဲ့ဆိုင်းဘုတ်အပြာရောင်လေးဟာလဲ အိမ်ရှေ့တံခါမကြီး၏ထိပ်တွင်ပနံရစွာ... တိုက်ခန်းရှေ့ဝရံတာတွင်စိုက်ပျိုးထားသော နှင်းဆီပန်းပင်တွေကိုဖြိုးဟိန်းတစ်ယောက်စိတ်ဝင်တစားကြည့်နေသည်... နှင်းဆီဆိုရင် အနီပဲပန်တတ်တဲ့အန်တီလေးစိုက်ထားပုံရတယ်... လျှားစောင်းလက်ဖက်ပင်တွေရော စံပယ်ရုံသေးသေးလေးရော... နှင်းဆီအနီလေးကိုလက်နဲ့ထိကြည့်မယ်အပြု...

" နှင်းဆီပန်းကြိုက်လို့လား ဖြိုးဟိန်း... "

ဘယ်ချိန်ကြည့်လိုက်ကြည့်လိုက်သန့်ပြန့်နေတဲ့ ဟိန်းထက် ကိုကိုယ်စစတွေ့တုန်းကလောက်မအံ့သြတော့သလို ရှိန်တာနေတာတွေဘာတွေလဲမရှိတော့... စကားအရမ်းများပေမယ့်ခင်ဖို့ကောင်းပြီးဖော်ရွေတဲ့ ဟိန်းထက်ကိုကိုယ်လဲတစ်ကယ်ခင်တယ်...

" အင်း... မွှေးကြည့်ချင်လို့... အန်တီလေးပန်းဆိုတော့!.."

ကျွန်တော်ရေချိုးမယ်လို့ပြောကတည်းက အိမ်ပြင်ထွက်ပြီးအန်တီလေးစိုက်ထားတဲ့ပန်းပင်တွေကိုစပ်စုနေသူ... ရေချိုးပြီးလို့ပြန်ထွက်လာတဲ့ထိပန်းပင်တွေကိုသူစိတ်ဝင်စားမပျက်... အကောင်လေးကသေးတော့ အန်တီလေးရဲ့စံပယ်ရုံနဲ့တင်သူ့ကိုယ်လေးပျောက်နေပြီ...မနေနိုင်တော့လို့ရှေ့ထွက်လာတော့ နှင်းဆီနီနီရဲရဲကြီးကို သူ့လက်သေးသေးလေးတွေနဲ့ထိထားလျက်...

" ရပါတယ်ကွ... အန်တီလေးကဘာမှမပြောပါဘူး... "

အိမ်ရှင်ကဘာမှမပြောမယ်မှန်းသိပေမယ့် ကိုယ်မမွှေးရဲ... မလုပ်လဲမလုပ်သင့်...နောက်သာဆုတ်နေလိုက်တော့တယ်...

" အန်တီလေး ကဘယ်ချိန်ပြန်ရောက်မှာတဲ့လဲ... သေးသေးလေးကရောအိပ်နေတုန်းလား... "

သေးသေးလေး...!သြော်... ဝတီမကိုပြောတာနေမယ်... အန်တီလေးရဲ့သမီး ကိုယ့်ညီမလေး...

" အင်း... အန်တီလေးက ခဏနေလောက်ဆိုပြန်ရောက်ပါပြီ... ဝတီမကတော့အိပ်နေတုန်းပဲ... "

ဖြိုးဟိန်း ( On going) Where stories live. Discover now