Unicode.
ဒီနေ့ဟာကျွန်တော်တို့သူငယ်ချင်းလေးယောက်ရဲ့ပထမဆုံးကျောင်းတက်ရမည့်ရက်... ကျောင်းအပ်ပြီး နောက်နေ့ကတည်းကကျူရှင်ဝိုင်းကပြန်စထားတာမို့ စာတွေကတော့ရနေပြီးသားပင်... စာကြည့်စာပွဲပေါ်ကကျောင်းစာအုပ်တွေထည့်ရင်း မနေ့ကဖြိုးဟိန်း လက်ဆောင်ပေးထားသည့် စာစီစာကုံးစာအုပ်ကိုပါတစ်ဆက်ထဲကျောပိုးအိတ်ထဲထည့်လိုက်သည်... ကျောင်းမှအပျင်းပြေဖတ်နိုင်သည်ပဲလေ...
"ငါ့ကိုဘာလို့ဒီစာအုပ်ကြီးလက်ဆောင်ပေးတာလဲ " လို့အတွန့်တက်မိတော့ " ၁၀ တန်းတက်ရင်မြန်မာစာအားကောင်းအောင် အခုကတည်းကကြိုပြီးလေ့လာသင့်တယ်ထင်လို့... အန်တီလေးပြောတာတော့ စာစီစာကုံးကအမှတ် ၂၀ ဖိုးဆိုလားပဲ " ဟုပြောလာသည့်ဖြိုးဟိန်း ကို ပိုရန်ကောဆိုသည့်အကြည့်နဲ့သာကြည့်နေလိုက်တော့သည်...
ဖြိုးဟိန်း ကအဖွဲ့ထဲမှာလူကောင်သာသေးတာ... ဆရာကြီးကတော့တအားလုပ်တာပင်... သူငယ်ချင်းလေးယောက်ထဲသူအသက်အငယ်ဆုံးပေမို့သာပဲ... မဟုတ်ရင်ကျွန်တော်တို့သုံးယောက်ခေါင်းသူပဲတက်နင်းမှာ... အင်း... အန်တီလေးကတော့ ကျောင်းကိုအစောကြီးထသွားပြီး ဝတီမကိုကျောင်းသွားပို့နေတော့ ကျွန်တော်တစ်ယောက်ထဲ ကျောင်းသွားရမည်ပေါ့... ဝတီမသူငယ်တန်းတက်ကတည်းက အန်တီလေးကသူ့ကျောင်းမှာမထား... သူငယ်ငယ်ကတက်ခဲ့သည့် ထ ( ၁) ကျောင်းသာပို့တော့သည်...
အဖြူစိမ်းလဲပြီးတာမို့ကျောပိုးအိတ်ကောက်လွယ်ကာ အပေါ်ဆုံးလေးထပ်ကနေ လှေကားမှတစ်ဆင့်ဆင်းလာလိုက်သည်... ဘေးခန်းမှဆရာမတွေကတော့သွားနှင့်ကြပြီ ထင်ပါ့... ဒီနေ့ကအခန်းပဲကြည့်ရမှာဆိုတော့စာတော့သိပ်သင်ဖြစ်မယ်မထင်... ကားလမ်းကူးပြီးသည်နှင့် ကျောင်းတံခါမကြီးကနေဝင်လာလိုက်သည်... လက်ထဲမှာက ထမင်းချိုင့်ထည့်ထားတဲ့ခြင်းကြီးကတစ်ဖက်... ထီးကတစ်ဖက်နှင့်ကြည့်ရဆိုးနေတော့မည်... ထိုအချိန်ကယ်တင်ရှင်ကိုတွေ့ပါပြီ...
" ရဲစစ်သွေး...!! ဟျောင့်..! ငါ့ကိုလာကူသယ်ဦး... "
" မင်းဟာကလဲ... ဘယ်လိုဖြစ်တာလဲ... "
ပြောလဲပြော ကျွန်တော့်လက်ထဲထမင်းချိုင့်ထည့်ထားသည့်ခြင်းကြီးဆွဲယူသည်... အံမယ်... သကောင့်သားကဒီနေ့မှပိုပြီးကြည့်ကောင်းနေသလိုလို... ဒီကောင် လည်ကတုံးဝတ်တာဒါပထမဆုံးမို့ထင်သည်... ကျွန်တော်တို့သူငယ်ချင်းလေးယောက်ထဲဒင်းကအရပ်အရှည်ဆုံး... ငါးတန်းစတက်ပါပြီဆိုကတည်းကကျွန်တော်တို့လေးယောက် ပုဆိုးဝတ်ကျင့်ရတော့၏... ပုဆိုးဝတ်ရတာမကြိုက်သော်လည်း ကျောင်းစည်းကမ်းပေမို့ နွေသုံးလလုံးလုံး ပုဆိုးကိုယ်စီနှင့်သာစာသင်ဖြစ်ကြ၏... ပုဆိုးဝတ်ရတာမကြိုက်တဲ့ထဲဟိုနှစ်ကောင်မပါ... ဝေဖြိုးဦးနဲ့ဖြိုးဟိန်း ကတော့ပုဆိုးဝတ်ရတာကိုအတတ်ကြွဆုံးပင်...
ESTÁS LEYENDO
ဖြိုးဟိန်း ( On going)
RomanceUnicode. ငယ်ငယ်လေးကတည်းကမိခင်နဲ့မခွဲဖူးတဲ့ကောင်လေးတစ်ယောက်ဟာ ၆ တန်းအရွယ်နဲ့သူ့မိခင် ကိုဆုံးရူံးလိုက်ရတဲ့ " ဖြိုးဟိန်း "... သူငယ်တန်းကတည်းကပေါင်းလာတဲ့သူငယ်ချင်းဖြစ်သူက သူ့အပေါ်မေတ္တာရှိကြောင်းသူ့အပြုအမူတွေကနေတစ်ဆင့် ဖော်ပြလာတဲ့အခါ... အမျိုးသားတစ်ယောက...