Part - 8

68 13 2
                                    

[ Unicode]

" မား... "

"ဟင်... ဘာတုန်း လိပ်ကလေးရဲ့.. "

ခေါ်တာကခေါ်ပြီးပြီ... မတတ်နိုင်... ကျွန်တော် မေးကြည့်သင့်တယ်... ဒီအစိုင်အခဲက လတွေနဲ့ချီကြာလာတာတောင်မကျေသေး...

" မား နဲ့ ဟိန်းထက်မေမေ ကခင်တာလား... "

မိုးတွင်းပေမို့သားအခန်းထဲကခုတင်ပေါ်မှာသားအမိနှစ်ယောက်ကွေးနေရင်း ရင်ခွင်ထဲက လိပ်ကလေးကစကားဆိုလာခြင်း... အင်း... ခင်တာပေါ့... ခင်ရုံတင်ဘယ်ကမလဲ... အင်း...ဒါတော့ဒါပေါ့...

" အမှန်က သားသားတို့ဆရာမနဲ့မားမား ကသူငယ်ချင်းမဟုတ်ဘူး လိပ်ကလေးရ.. မင်းသူငယ်ချင်း ဟိန်းထက်လေးရဲ့ အမေ ဖြူ နဲ့ကမှသူငယ်ချင်းတွေ.. သူနဲ့ပတ်သတ်ပြီးမှ သူ့အစ်မဖြစ်တဲ့ မထက်ကိုခင်ရတာကွ... အဲ့တော့ ခင်တာပေါ့ လိပ်ကလေးရဲ့... "

မျက်လုံးလေးတွေကအရောင်လဲ့နေသလို စိတ်ဝင်စားဟန်အပြည့်နဲ့နားထောင်နေတဲ့ ကျွန်မသားငယ်..

" သားသား ကဘာလို့မေးတာတုန်း... "

" အဲ့အန်တီကလေ ဟိန်းထက် ကိုပြန်ခေါ်ဖို့လုပ်နေတာလားမသိဘူးမား... ဟိုတစ်လကလေ မားမှတ်မိသေးလား.. သားတို့ကိုအန်တီလေး ဟင်းထုပ်လုပ်ကျွေးတယ်လို့ပြောသေးတယ်လေ... မားမှတ်မိလား... "

စကားတွေဆက်တိုက်ပြောနေတဲ့လိပ်ကလေးကို " အင်း.. မား မှတ်မိတယ်.. " ဟုစကားထောက်ပေးလိုက်မှ...

" အဲ့နေ့က အန်တီလေးနဲ့အဲ့အန်တီနဲ့စကားများနေတာလားမသိဘူး... ဝရံတာဘက်မှာဖုန်းပြောနေတာ... အန်တီလေးကဒေါသတွေထွက်လို့... စောက်နဲ့ကိုနှိုင်းပြီးပြောနေကျတာမား... သိလား... "

လိပ်ကလေး နဲ့သားဟိန်းထက်​ လေးပေါင်းတာကိုမကြိုက်လေသလား ဖြူ... အင်း.. သားကဟိန်းထက်လေးကိုသံယောဇဥ်တွယ်နေရှာတာကို... သားပြောတာသာတစ်ကယ်ဆို မင်းမှာဘာအကြောင်းတွေရှိနေတာလဲ ဖြူ... ကျူရှင်ကနေအိမ်ပြန်လာတိုင်း သားဟိန်းထက်အကြောင်းတွေစီကာပတ်ကုံးပြောပြနေတတ်တဲ့ သားဟာ ဟိန်းထက် ကိုအစ်ကိုတစ်ယောက်လိုကိုသံယောဇဥ်ဖြစ်နေရှာတာ... သား ပြောပြလို့ ကျွန်မတောင် ဟိန်းထက်လေးကို သံယောဇဥ်ဖြစ်မိတယ်ဆိုရင် သားက...

ဖြိုးဟိန်း ( On going) Where stories live. Discover now