[Unicode ]
သွပ်ခေါင်မိုးပေါ်တစ်ပေါက်ပေါက် နဲ့ကျနေတဲ့ မိုးစက်မိုးပေါက်တို့ရဲ့အသံဟာ နှေးကွေးလေးလံစွာတစ်စက်နဲ့တစ်စက်ကြားခြားနားနေ၏... ဝမ်းစာရေးအရ ငွေရှာနေဆဲကောက်ညှင်းပေါင်းသည်အဒေါ်ကြီး၏အသံဟာ မိုးတွင်းပေမယ့် နေ့တိုင်းမပြတ်ကြားနေရ၏... အိမ်ရှေ့ဝရံတာဘက်ဆီမှလဲ စာကလေးအော်သံတိုးတိုးကိုကြားရသေးသည်... ရင်ခွင်ထဲအိပ်ပျော်နေဆဲ ဖြိုးဟိန်း ကတော့ အိမ်ပြိုလျှင်တောင်နိုးမည့်သဘောမရှိ...
ကျွန်တော့်ခါးတို့ထက်လက်တင်ကာ ရင်ခွင်ထဲပိုတိုးဝင်လျက်အိပ်နေတဲ့ အကောင်ပေါက်ရဲ့ ကိုယ်လုံးလေးကတော့စောင်တို့နှင့်ဖုံးလွှမ်းနေဆဲ.. ညကတည်းကဒီတိုင်းဖက်လျက်အိပ်ဖြစ်ကြသည်.. စောင်တွေခွာခွာထုတ်လို့ထထခြုံပေးရတဲ့အချိန်မှလွှဲ၍ပေါ့... သူဘေးရှိခုံပေါ်တင်ထားတဲ့နာရီကိုလှမ်းကြည့်တော့ ၆ နာရီ ၄၅ မိနစ်သို့ညွှန်ပြနေလျက်... သူဘယ်ချိန်ထိအိပ်မလဲကျွန်တော်သိချင်လှသည်...
ဘေးခန်းမှ တံခါးဖွင့်သံကျယ်ကျယ်လောင်လောင်ကိုကြား၏... တစ်ကယ်က တံခါးဖွင့်သံကသိပ်မကျယ်... အပ်ကျသံပင်မကြားရလောက်အောင်တစ်အိမ်လုံးတိတ်ဆိတ်နေခြင်းကြောင့် တံခါးဖွင့်သံကကျယ်လောင်တယ်ထင်နေမိခြင်း...ပြီးတော့ ရင်ခွင်ထဲကငနဲအိပ်နေတယ်လေ... အိပ်ပျော်နေတဲ့ ဖြိုးဟိန်း ကိုကြည့်ကာကျွန်တော်ပြန်အိပ်ချင်လာမိသည်... သူများအိမ်မှာဆိုတဲ့အသိကိုကျော်လွန်၍ မှေးကနဲပြန်အိပ်ပျော်သွားမိသည်...
ဘေးနားက တစ်ယောက်ယောက်စိုက်ကြည့်နေသလိုလိုပဲ... လေးလံနေတဲ့မျက်ခွံတို့ကိိုမဖွင့်ချင်သေး... ဒီချိန်မှာသိတာက အရမ်းအိပ်ချင်နေသေးတယ်ဆိုတာပဲ... ဘယ်ဘက်လက်ပေါ်တစ်စုံတစ်ယောက်ရဲ့ခေါင်းလိုလိုလေးနစ်နေတဲ့အမွှေးထူထူလိုအရာကြီးတစ်ခုလာဖိနေတယ်... ပြီးတော့ ခါးပေါ်ကျရောက်လာတဲ့လက်တစ်စုံ... သိချင်စိတ်ရဲ့ဆွဲခေါ်မူနောက်လိုက်မိတော့ အလင်းရောင်ဖြူဖြူစူးစူးတွေကမျက်လုံးထဲထင်းကနဲ လင်းကနဲ... အား... စူးလိုက်တာ... လွတ်နေတဲ့ ညာဖက်လက်နဲ့ မျက်လုံးတို့ထက်ကွယ်လိုက်သည်...
YOU ARE READING
ဖြိုးဟိန်း ( On going)
RomanceUnicode. ငယ်ငယ်လေးကတည်းကမိခင်နဲ့မခွဲဖူးတဲ့ကောင်လေးတစ်ယောက်ဟာ ၆ တန်းအရွယ်နဲ့သူ့မိခင် ကိုဆုံးရူံးလိုက်ရတဲ့ " ဖြိုးဟိန်း "... သူငယ်တန်းကတည်းကပေါင်းလာတဲ့သူငယ်ချင်းဖြစ်သူက သူ့အပေါ်မေတ္တာရှိကြောင်းသူ့အပြုအမူတွေကနေတစ်ဆင့် ဖော်ပြလာတဲ့အခါ... အမျိုးသားတစ်ယောက...