Part - 2

158 26 2
                                    

မိုးတွင်းမဟုတ်ပါပဲ ရေစက်ကျသံလိုတစ်ဖျောက်ဖျောက်က နားထဲ ဂီတသံစဉ်လိုလို... တံစက်မြိတ်ထက်မှ စီးနေသော အရည်တို့သည် သေချာပေါက် မိုးရည်တော့ဖြစ်ဟန်မတူ... မဲမှောင်နေသောဝန်ကျင်းအနေအထားအရ နံနက် ၃ နာရီထိုးပင်ရှိသေးသည်...

၁၉၉၀ ကျော်လောက်ကအိမ်​မျိုးပေ မို့ သစ်သားကိုရေနံဂျီး သုတ်ထားသည့်အိမ်ကြီးရခိုင်သည် ခြေတံရှည်ပြီး အရိပ်အဝါသအောက်၌တည်ရှိသောကြောင့် နေချင်စဖွယ်အတိ... အိပ်ခန်းသုံးခန်းပါရှိသောသစ်သားအိမ်ကြီး၏ အလယ်ခန်းတွင် ဖြိုးဟိန်း တစ်ယောက်အိပ်မပျော်နိုင်... တစ်ဖျောက်ဖျောက်နှင့်ရေစက်ကျသံကိုသူစိတ်ဝင်စားလှသည်... မန္တလေး အိမ်တွင်ထိုသို့သောအသံကိုသူ မကြားခဲဖူးချေ...

ပြတင်းပေါက်ဖွင့်လိုက်လျှင် သူ၏သိချင်စိတ်ကို ပြေစေနိုင်မည်မှန်သော်လည်း မိမိအရပ်နှင့်တံခါးဂျက်က မမှီမကမ်းတွင်... ပြီးတော့ မနေ့ကမှအိမ်ပြောင်းအိမ်ရွေ့ကိစ္စတွေနှင့်ပန်းထားသော မာတာမိခင် နိုးသွားလိမ့်မည်... ဒီအိမ်ကတံခါးဂျက်တွေက မန်းလေးအိမ်နှင့်မတူ...ကျပ်ကျပ်ကြီးတွေ... မားမား တောင်မနည်းဖွင့်ယူရတာ... သူသာဆိုရင်...ဟူး... သိချင်စိတ်ကိုဖြေဖျောက်ပြီးပြန်အိပ်ဖို့ကြိုးစားလိုက်တော့သည်...

ခေါင်းထဲမနေ့က လူတစ်ယောက်အကြောင်းကမဆီမဆိုင်ဝင်လာပြန်၏... ရေစက်တွေသီးနေတဲ့ ဆံပင်တွေကရေချိုးထားပုံပင်... မေးချင်းရိုက်အောင်အေးနေချိန်မှာတောင် ရေချိုးလာနိုင်တဲ့ ထိုသူ့ကို သူမလေးစားပဲဘယ်လိုမှမနေနိုင်... ကိုယ်ကတော့ မနက်ကျောင်းသွားတိုင်းမျက်နှာသစ်ဖို့အရေး မားမား နဲ့စစ်ဖြစ်ရသေး၏...

မျက်ဝန်းညိုညိုတွေကိုဖုံးနေတဲ့ ဟိုတစ်ချောင်း သည်တစ်ချောင်းနဲ့ထိုးထိုးထောင်ထောင်ဖြစ်နေသောဆံပင်တွေက ဗာဒန်​စေ့အိမ်မျက်ဝန်းတို့ရဲ့ပိုင်ရှင် ထိုသူ့ ရဲ့ ချောမောမူကိုတော့ မျက်ကွယ်မပြုပေးထားနိုင်... ကျောင်းနောက်ကျရင်ဆရာမ ရိုက်တတ်တယ်ဆိုတဲ့ မန်းလေးကပါလာတဲ့ အစွဲကြီးက မနေ့ကမတ်တပ်အတူတူရပ်ခဲ့ဖူးတဲ့ တစ်ခါမှပင်မမြင်ဖူးတဲ့ မသိကျွမ်းတဲ့ သူ့ ရှေ့ ငိုမိခဲ့တာပင်...

ဖြိုးဟိန်း ( On going) Tahanan ng mga kuwento. Tumuklas ngayon