ချမ်းအေးလှတဲ့နံနက်ခင်းကသေချာပေါက် မြောက်လေတိုက်နေလို့တော့မဟုတ်... ဆောင်းတွင်းပေမယ့်ကြုံတောင့်ကြုံခဲလှသည့်ဖြစ်စဥ်သည် ဤနှစ်မှသာလာဖြစ်နေ၏... အအေးလှိုင်းဖြတ်နေချိန်မို့ နံနက် ၈ နာရီထိုးနေထွက်ချိန်ဖြစ်နေသော်လည်း လက်ပြတ်လေးသာဝတ်ထားသော ဖြိုးဟိန်း တစ်ယောက် ခိုက်ခိုက်တုန်အောင်ချမ်းနေတော့၏...
လာရာလမ်းတစ်လျှောက်မယ်ဇလီပင်တန်းတွေကစိမ်းစိုနေလျက်... မြူခိုးတွေဖုံးနေသောကြောင့်လမ်းကိုပင်ကောင်းစွာမမြင်ရဖြစ်နေသေး၏.. အရိပ်အာဝါသကောင်းသောလမ်းပေမို့ လေအေးခပ်မြူးမြူးတို့ကဆောင်းတွင်း၏ အငွေ့အသက်ကိုအပြည့်ပေးစွမ်းသည်... စျေးသွားသူစျေးပြန်သူ နံနက်ခင်း အစောထ၍လေ့ကျင့်ခန်းလုပ်သူများနှင့်ရှုပ်ယှက်ခပ်နေသောလမ်း၌ ဖြိုးဟိန်း တို့သားမိတွေသည်လည်း ကျူရှင်အိမ်ရှိရာ သံမဏိအိမ်ရာဝင်းဆီသို့ချီတက်နေကျ၏...
" မား... ဆရာမက ရိုက်လား... "
ဖန်ဂေါ်လီကဲ့သို့ဝိုင်းစက်နေသော မျက်လုံးအိမ်တို့ကရွန်းလဲ့နေလျက်...သိချင်းစိတ်ပြင်းပြနေသော ကျွန်မရှေ့က ကောင်ငယ်လေးမှာ အလျင်လိုနေဟန် ကျွန်မလက်ကိုဆွဲထားလျက်ကမော့ကြည့်ကာမေးနေ၏... စနူကာဆိုင်၊ထမင်းဆိုင်၊အဝတ်အထည်ဆိုင်၊ အလှကုန်ပစ္စည်းဆိုင်၊ လက်ဖက်ရည်ဆိုင်တို့နှင့်စည်းကားလျက်ရှိနေသောလမ်း၌ပျားပန်းခပ်မျှရုပ်ယှက်ခပ်နေသောလူတွေကြောင့် ဒေါ်စံပယ်ဖြိုး တစ်ယောက်သားဖြစ်သူ ဖြိုးဟိန်းအားစကားပင်လှည့်မပြောနိုင်...သူမတို့သားအမိလမ်းကူးရပေဦးမည်မဟုတ်လား...
" လိပ်ကလေး အမှားလုပ်ရင်တော့ရိုက်မှာပေါ့... အကြောင်းမဲ့သတ်သတ်တော့ဘယ်ရိုက်ပါ့မလဲ... မဟုတ်ဘူးလား... "
ကိုယ့်အမေးကိုပြန်ဖြေလာသော မားမျက်နှာသည် ပဂတိတည်ငြိမ်နေလျက်... ကိုယ်ဘာမှတော့ပြန်မပြောမိတော့... မားပြောတာလဲဟုတ်နေတာပဲလေ... ကားလမ်းကူးပြီးနောက်လမ်းအကွေ့အချိုးတွေထဲကနေဝင်လာလိုက်တာ မြူခိုးတွေကြားမှ လေးထပ်တိုက်ဖြူဖြူကြီးရှေ့ရောက်မှ မားခြေလှမ်းတို့ကသိသာစွာနှေးသွားသည်... ပြီးတော့ရပ်ပစ်သည်... လေးထပ်တိုက်ဆိုတာက တီဗွီထဲမှာမြင်နေကျ အိမ်ကြီးအိမ်ကောင်းတွေလိုတော့မဟုတ်... အခန်းတွဲ ၅ ခန်းပါရှိသော လေးထပ်တိုက်ကြီးပင်ဖြစ်သည်...
YOU ARE READING
ဖြိုးဟိန်း ( On going)
RomanceUnicode. ငယ်ငယ်လေးကတည်းကမိခင်နဲ့မခွဲဖူးတဲ့ကောင်လေးတစ်ယောက်ဟာ ၆ တန်းအရွယ်နဲ့သူ့မိခင် ကိုဆုံးရူံးလိုက်ရတဲ့ " ဖြိုးဟိန်း "... သူငယ်တန်းကတည်းကပေါင်းလာတဲ့သူငယ်ချင်းဖြစ်သူက သူ့အပေါ်မေတ္တာရှိကြောင်းသူ့အပြုအမူတွေကနေတစ်ဆင့် ဖော်ပြလာတဲ့အခါ... အမျိုးသားတစ်ယောက...