Unicode.
ရွက်ဟောင်းတွေဟာ ဝန်းကျင်တစ်ခွင်ဝါထိန်နေလျက်ပြန့်ကျဲကြွေကျနေပြီး စိမ်းနုရောင်ရွက်သစ်စလေးများဟာ စိမ်းဖန့်ဖန့်အရောင်မှ အစိမ်းရင့်ရောင်သို့ကူးပြောင်နေပြီဖြစ်သည်... ပြက္ခထိန်ပေါ်က စာရွက်တွေဟာ တစ်ရွက်ပြီးတစ်ရွက်ကုန်ဆုံးနေသလို နှစ်တွေဟာလဲတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးနေပြီဖြစ်သည်... ဟိန်းထက်အောင် နှင့် ဖြိုးဟိန်း တို့သည်ပင် လေးတန်းအောင်လို့ငါးတန်းတက်ကျတော့မည်ဖြစ်သည်... ကျောင်းအပ်ရတော့မည့်ရက်နီးလာပြီမို့ ဖြိုးဟိန်း တစ်ယောက် သစ်သာအိမ်ကြီးထဲရှိအခန်းတစ်ခန်းထဲတွင်အလုပ်ရူပ်နေတော့သည်...
မနက်ဖြန်ကျောင်းသွားအပ်ရတော့မည့်အရေးထက် ဟိန်းထက် ဆီကဘာလက်ဆောင်ရမယ်ဆိုတာကိုပဲ ကျွန်တော် ပိုပြီးအာရုံရောက်နေသည်... သုံးတန်းနွေရာသီကျောင်းပိတ်တော့ သူ့အမေဆီပြန်မယ်ပြောပြီး ကျွန်တော့်အတွက်လက်ဆောင်ဝယ်ခဲ့မယ်ပြောထားတော့ ကျွန်တော့် စိတ်ကထိုလက်ဆောင်ပေါ်ပဲစွဲနေသည်... သူနဲ့ကျွန်တော် လက်ဆောင်အပြန်အလှန်လဲလှယ်မည်ဖြစ်သောကြောင့်ခုထဲကပြင်ဆင်နေရတာလေ...
" ကျောင်းအပ်ရမှာက မနက်ဖြန်မှလေ လိပ်ကလေးရဲ့... ကျောင်းစာအုပ်တွေကနောက်မှထည့်လဲရတာကို... "
ကျွန်တော့်အတွက်ပေးတဲ့အခန်းတံခါးကနေမားဝင်လာသည်... ၃၉ ဆိုတဲ့အရွယ်နဲ့မလိုက်အောင် မား ကအရွယ်တင်တယ်... သူ့လိပ်ကလေးသာ ၅ တန်းတက်တော့မယ်... သူကတော့နုပျိုနေဆဲ... ဘယ်ချိန်ကြည့်လိုက်ကြည့်လိုက် ကျက်သရေပြည့်နေတဲ့ မား ကကျွန်တော့်အတွက်တော့စံပြမိခင်ပင်... ကျွန်တော့် ခုတင်ပေါ်တွင်ဘေးတစ်စောင်းဝင်ထိုင်နေသောမားကို...
" အဆင်သင့်ဖြစ်ထားတော့အလုပ်မရူပ်ရတော့ဘူးပေါ့မားရ... "
ကျွန်မရှေ့ကအကောင်ငယ်လေးက ၅ တန်းတက်မည့်ကလေးလို့ပြောရင်ဘယ်သူယုံမလဲ... လေးတန်းတက်တုန်းကအကောင်ထက် မဆိုသလောက်လေးကြီးလာရုံအပ တစ်ခြားဖွံ့ထွားလာတာဘာတစ်ခုမှမရှိ... လူကြီးလေးလိုနေတက်လာတာကလွဲရင်သားသားဟာပီဘိကလေးငယ်... ခုပဲကြည့်... ကျောင်းကမနက်ဖြန်အပ်ရမယ်ဆိုပေမယ့် ကျောင်းအပ်ပြီးရင် နှစ်ရက်သုံးရက်လောက်နားရဦးမှာပင်... ဒါ့ကြောင့်ဝင်ပြောမိတာကို လူကြီးဆန်ဆန်စကားလုံးတွေနဲ့ကျွန်မရဲ့ဆက်ပြောမယ့်စကားတို့ကိုအနားသတ်သည်... သိပ်ချစ်ဖို့ကောင်းတဲ့ကလေးငယ်ရယ်ပါ...
ŞİMDİ OKUDUĞUN
ဖြိုးဟိန်း ( On going)
RomantizmUnicode. ငယ်ငယ်လေးကတည်းကမိခင်နဲ့မခွဲဖူးတဲ့ကောင်လေးတစ်ယောက်ဟာ ၆ တန်းအရွယ်နဲ့သူ့မိခင် ကိုဆုံးရူံးလိုက်ရတဲ့ " ဖြိုးဟိန်း "... သူငယ်တန်းကတည်းကပေါင်းလာတဲ့သူငယ်ချင်းဖြစ်သူက သူ့အပေါ်မေတ္တာရှိကြောင်းသူ့အပြုအမူတွေကနေတစ်ဆင့် ဖော်ပြလာတဲ့အခါ... အမျိုးသားတစ်ယောက...