Unicode
ဂျောင်ဆူးနဲ့ချန်ယောလ်ဆရာ၀န်ရှေ့မှာ ဆူခံနေရသည်။ မိသားစုဆရာ၀န်က နယ်မှာလုပ်အားေပးတာ၀န်ကျတာကြောင့် ဂျောင်ဆူးတို့ကိုသူ့တူဆရာ၀န်နှင့်လွဲထားသည်။ အရင်မိသားစုဆရာ၀န်က အရင်ကတည်းကမိမိတို့နှစ်ယောက်ကို မန်ုင်တာကြောင့် တော်ရုံတန်ရုံအဖက်လုပ်ပြောမနေသော်လည်း ကင်ဂျုံအင်လို့ခေါ်တဲ့ ဒီတစ်ခေါက်ဆရာ၀န်ကတော့ တော်တော်လေးဆိုးသည်။ ခုလည်း ဂျောင်ဆူးတို့နှစ်ယောက် သူ့ရှေ့မှာမျက်နှာငယ်လေးနှင့်။
"ခုမှမခုတ်တက်တဲ့ ကြောင်လိုလုပ်မနေနဲ့။ ကိုယ်၀န်လရင့်နေတာကြောင့် ခဗျားတို့ကို စိတ်ခနထိန်းပါလို့ ဟိုတစ်ခေါက်ထဲကပြောထားတာ အခုထိလုပ်တုန်းပဲမလား။"
"ဟို ဆရာ အဲ့တာကလေ"
"တော်တော် ဒီတစ်ခါကျွန်တော်နောက်ဆုံးသတိပေးခြင်းပဲ။ နောက်တစ်ခေါက်ဆေးခန်းလာပြလို့ ကျွန်တော့စကားနားမထောင်ဖူးဆိုလို့ကတော့ နှစ်ယောက်ကိုအခန်းခွဲနေခိုင်းမယ်။"
ကြိမ်းမောင်းပြောဆိုတာခံရပြီး နှစ်ယောက်သားစပ်ဖြဲဖြဲနဲ့ထွက်လာသည်။
"အဲ့ဒါမို့လို့ငါကိုကို့ကိုပြောပါတယ် ဆရာဆူလိမ့်မယ်လို့။"
"ကလေးကအရမ်းချစ်ဖို့ကောင်းနေတာကို။"
"ဟွန်း…ဒါနဲ့အပြန်ငါ့ကိုရေခဲမုန့်နဲ့ကြက်ကြော်၀ယ်ကျွေးအုံးနော်။ "
"ကလေးသဘော"
"ညလယ်စာစားဖို့ ပီဇာနဲ့ဘာဂါရောပဲနော်။"
"ကလေးသဘော "
"ဟီး…ကိုကိုကအရမ်းချစ်ဖို့ ကောင်းလို ့
အာ ဘွား"သူ့အရပ်ပုပုလေးနဲ့ ခြေဖျားထောက်ပြီး မမှီမကမ်းလှမ်းနမ်းနေသော ဂျောင်ဆူးလေး။
ပါးစပ်ကသာအာဘွားနေ လူကဗိုက်ရှိတာကြောင့် ဝိတ်ပိတာရော နဂိုအရပ်ပုတာရောကြောင့် ခြေဖျားထောက်သော်လည်း ချန်ယောလ်ကိုမမှီချေ။
"နဲနဲငုံပေးလေကွာ။"
"ကလေးရအောင်နမ်းလေ"
"မင်းနော် ငါ့ကိုအနိုင်မကျင့်နဲ့"
ဆေးရုံထဲမှာ ချစ်ကြည်နူးတစ်တီတူးနေသော နှစ်ယောက်ကို ဆရာ၀န်တွေသူနာပြုတွေ လူနာတွေကကွက်ကြည့်ကွက်ကြည့်။