6

2.2K 161 37
                                        

Unicode

"ဟို နောက်ထပ်
အစည်းအဝေးတော့မရှိတော့ဘူး ဒါရိုက်တာ။"

"အာ့ဆို ဒီနေ့ရုံးစောစောဆင်းလိုက်မယ်။ အရေးကြီးတာတွေဖယ်ထားပြီး ကျန်တာတွေမင်းတာ၀န်ယူလိုက်တော့နော်။"

"ဟုတ်ကဲ့ ဒါရိုက်တာ။"

စကားဆုံးအောင်တောင် နားမထောင်ပဲ နေ့လည်တည်းကသိမ်းထားတဲ့ ဖိုင်တချို့ကိုယူပြီး အပြေးဆင်းသွားတဲ့ သူမရဲ့အထက်လူကြီးကို‌ကြည့်ပြီး အတွင်းရေးမှူးမလေး တရားကျမိသည်။

ဘယ်နှယ့် ‌ရုံးရောက်တည်းက ကြည့်လိုက်တဲ့ နာရီ။ လက်ကနမည်ကြီးတံဆိပ်နာရီကို တကြည့်ကြည့်လုပ်နေတဲ့အပြင် အခန်းအလယ်မှာချိတ်ထားတဲ့ မွေးကင်းစကလေးတစ်ရပ်လောက်ရှိသည့် နာရီကြီးရှိပါလျက် 5မိနစ်ခြားတစ်ခါ သူမကိုအချိန်မေးနေခြင်း။

ဒီလောက်ပြာယာခတ်နေပုံက ဒါရိုက်တာရဲ့ အမျိုးသားပုပုသေးသေးလေးရှေ့မှာသာ ဖြစ်နေကျမို့ ချိန်းထားမှန်းခန့်မှန်းမိတာကြောင့် မိမိကပင်ပြန်ရန်စကားလမ်းကြောင်းဖွင့်ပေးရသည်။ မဟုတ်ရင် ကိုယ်လည်းသူ့အချိန်မေးသမျှဖြေနေရတာနှင့် အလုပ်ကောင်းကောင်းလုပ်ရမည်မဟုတ်။

ချန်ယောလ်မနက်တည်းက ပြန်ဖို့တက်ကြွနေတာ နောက်ဆုံးတော့အိမ်ပြန်ရပြီလေ။ အမှန်တော့ အရေးကြီးအစည်းအဝေးပွဲသာ မရှိရင် သူဒီနေ့အလုပ်တောင် လာဖြစ်မည်မဟုတ်။

ချစ်ရသော သူ့ယောကျာ်းလေးကဒီနေ့ဘာစိတ်ကူးပေါက်တယ်မသိ စောစောပြန်လာခိုင်းပြီး ညနေတူတူဟင်းချက်မယ့်အပြင် YouTubeကနေ
ကိတ်မုန့်ဖုတ်နည်းကြည့်ထားတာကြောင့် ကိတ်မုန့်လုပ်ပေးမည်လို့လဲပြောသည်။

ယူကတည်းက ကိုယ်၀န်ရှိတာကြောင့် ဂျောင်ဆူးကိုသူကိုယ်တိုင်က ဘာမှမလုပ်ခိုင်းခဲ့ရာ အခုတော့သူ့ယောကျာ်းရဲ့ ပထမဆုံးလက်ရာလေးကို စားခွင့်ရတော့မည်။

ဟင်းတူတူချက်မည်အကြောင်းပြပြီး ဘေးနားကဟင်းချက်မည့်သူကို နိုက်မြည်းမည့် ကိုယ်အကြံဆိုးကိုကိုယ်သဘောကျကာ ကားမောင်းရင်းတခွိခွိဖြစ်နေသော် ချန်ယောလ်။

One And Only My HeavenWhere stories live. Discover now