Unicode
လက်ထဲမှာဖုန်းကိုကိုင်ပြီး ခြံထဲမှာခေါက်တုံခေါက်ပြန်လမ်းလျောက်နေတာ ဘယ်နှခေါက်မှန်းပင်မသိတော့။ ညနေတည်းကသူ့ကိုထားသွားတဲ့ သူ့ယောကျာ်းလေးဟာ ဖုန်းတစ်ချက်ဆက်လာခြင်းမရှိေသးချေ။
ကလေးစုတ်လေး နေနိုင်လိုက်တာ။
ညနေ4နာရီထဲကနေထွက်သွားတာ 9နာရီတောင်ထိုးပြီ အခုထိသူ့ကိုလာခေါ်ဖို့ဖုန်းမဆက်သေး။
ဂျောင်ဆူးတို့မိသားစုထမင်းစားပြီးလို့ ဧည့်ခန်းထဲမှာအသီးစားရင်းစကားပြောနေကြသည်။ ပါးပါးကဂျောင်ဆူးကို ကလေးမွေးပြီးတာနှင့်အလုပ်တစ်ခုခုလုပ်စေချင်သည်။ ဂျောင်ဆူးလည်းသူစိတတ်ကူးထားတာလေးတွေ မိသားစုနဲ့တိုင်ပင်ရင်း ရုတ်တရက်အိမ်ထဲ၀င်လာတဲ့ သူကြောင့် ဂျောင်ဆူးတင်မက တစ်အိမ်လုံးပါအံ့ဩသွားရသည်။
"ချန်ယောလ် မင်းဘယ်လိုလုပ်ရောက်လာတာလဲ။"
"အာ ချန်ယောလ်ရောက်လာတာပဲ လာထိုင်"
"ကိုယ်မင်းကိုလာခေါ်တာလေ။"
ဂျောင်ဆူးနားကပ်ထိုင်ပြီး ပြောလိုက်တာကြောင့် ဂျောင်ဆူးတအံ့တဩကြည့်မိသည်။ သူညအိပ်မယ်လို့ သေချာပြောခဲ့တာကို။
"အယ် သားကဒီမှာအိပ်မှာဆို။ ဘယ်အချိန်ချန်ယောလ် ကိုဖုန်းဆက်ခေါ်လိုက်တာလဲ။"
"မဟုတ်ဘူးမေမေ သားမခေါ်ထားဘူး။"
"ဂျောင်ဆူးမခေါ်ထားဘူး မားမား ။ဒီလိုပဲ အိမ်မှာကညဘက်သူနဲ့ကျွန်တော်နှစ်ယောက်ထဲရှိတာဆိုတော့ သူမရှိတော့မနေတက်တာနဲ့"
"အော် အဲ့ဒါဆိုလည်းပြန်ခေါ်သွားလေသား။ ဟုတ်တာပေါ့ ညဘက်ချန်ယောလ်တစ်ယောက်ထဲဆိုတော့ ဘယ်အဆင်ပြေမလဲ။ ဂျောင်ဆူးပြန်လိုက်သွားချည်။"
"လာ မင်းငါနဲ့ခနလိုက်ခဲ့။"
"ကလေး ဖြည်းဖြည်း ဗိုက်ထဲမှာကလေးရှိတယ်လေ။"
ချန်ယောလ်လက်ကိုဆောင့်ဆွဲကာခြံထဲခေါ်လာတဲ့ ဂျောင်ဆူးက သူကိုယ်သူကိုယ်၀န်ရှိတယ်ဆိုတာတောင်မေ့ကာ ချန်ယောလ်ကိုဒေါသထွက်နေသည်။