3

2.5K 162 19
                                    

Unicode

ပင်လယ်ကမ်း‌ခြေနားမှာ ဆောက်ထားတဲ့ဟိုတယ်က ညဘက်ဆိုပေမဲ့ မီးရောင်စုံတွေနဲ့ထိန်လင်းနေတယ်။ လိုင်းသံတွေဟာ လူတွေရဲ့စကားတွေကို တိုးမဖောက်နိုင်ဖြစ်နေတယ်။ ကြယ်တွေစုံနေတာမို့ ကောင်းကင်ဟာ အနက်ရောင် ကတ္တီပါပေါ်မှာ စိန်တွေပတ်ကြဲထားသလို လင်းလက်နေသည်။

ရောင်စုံမီးရောင်တွေကလည်း ညအလှကိုပိုမိုထွန်းလင်းရင်း အခမ်းအနားကိုပံ့ပိုးနေတယ်။

ဟုတ်တယ် ဒီနေ့ဟာကျွန်တော်နဲ့ဂျောင်ဆူးရဲ့လက်ထပ်မယ်နေ့။ သိပ်မကြာတော့တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့မဂ်လာအချိန်ကိုရောက်တော့မယ်။

ဒါပေမဲ့ ချန်ယောလ်တစ်ခုစိတ်ပူနေတယ်။ ဂျောင်ဆူးကသူ့ကိုပြောထားတယ် သူထွက်လာရင် ရုပ်ရှင်တွေထဲလို ငိုရမယ်တဲ့။ မျက်ရည်မကျရင် ဆက်မဆောင်တော့ဘူးဆိုလို့ ချန်ယောလ်မျက်ရည်မကျမှာ စိတ်ပူနေရတယ်။ ပြောလို့ရတာမဟုတ်ဘူး ဂျောင်ဆူးကစိတ်ကောက်တဲ့နေရာမှာ ပြိုင်ဘက်ကင်း အတည်လုပ်ချင်လုပ်မှာ။

ချန်ယောလ်စိတ်ပူနေတုန်း ယောက်ဖလောင်းဆယ်ဟွန်းကလာခေါ်တာကြောင့် စင်ပေါ်မှာနေရာယူနေရာပြီ။ အကိုရီရှင်းတို့အတွဲနဲ့ အကိုမင်ဆော့က စင်ရှေ့ကခုံမှာထိုင်ရင်း သူ့ကိုလက်မထောင်ရင်း ဂုဏ်ပြုတဲ့ပုံလုပ်ပြတယ်။

Ed Sheeranရဲ့ Perfect‌သီချင်းသံခပ်လွင်လွင်လေး ကြားလိုက်ရတဲ့အချိန်မှာ သူ့ရင်မှာရင်ခုန်သံတွေအစားထိုးလာတယ်။ တလှပ်လှပ်ကြည်နူးချင်းနဲ့ သူ့လက်ဖျားတွေဟာအေးစက်လာတယ်။ သူမျော်လင့်ေစာင့်စား‌နေတဲ့ နေ့ရက်ဟာရောက်ရှိလာပြီ။ ဒီလူကိုလက်တွဲဖော်အဖြစ် သက်မှတ်လိုက်ပြီးတည်းက သူဟာဒီလူနဲ့ပဲသူ့ရဲ့ကျန်တဲ့ဘ၀ကိုဖြတ်သန်းချင်ခဲ့တဲ့ သူ့ရည်မှန်းချက်ဟာပြည့်ခဲ့ပြီ။

ပတ်၀န်းကျင်ဟာ တိတ်ဆိတ်ချင်းဖြင့်ပါရမီဖြည့်ပြီး အာရုံစူးစိုက်မှုဟာ စင်ပေါ်ကကျွန်တော်နဲ့ လျောက်လှမ်းပေါ်တစ်လှမ်းချင်း၀င်လာတဲ့ ကျွန်တော့်ရဲ့အဖြူရောင်နတ်သားလေးဆီပေါ်မှာသာ။
ကျွန်တော့်ဘာကျွန်တော် ဘယ်သူ့တိုက်တွန်းမှုမှမပါပဲ ချန်ယောလ်ဘ၀ထဲ၀င်တာဆိုတဲ့ အဆိုးလေးဟာ အမှန်တကယ်ပဲ သူ့ပါးးပါးးမပါပဲရဲရဲရင့်ရင့်နဲ့ ကျွန်တော့်ဆီကိုလျောက်လာတယ်။

One And Only My HeavenWhere stories live. Discover now