Unicode#
ဟိုဟိုဒီဒီသွားလာနေတဲ့ လူကုံထံတွေဟာ ခန်းမထဲမှာ ပျားပန်းခတ်လျက်ရှိသည်။ 3နှစ်အရွယ်ကလေးရဲ့ မွေးနေ့ဟာ ခေါင်းစဉ်နဲ့မလိုက်အောင် ကြီးကျယ်ခမ်းနားပြီး စည်ကားနေတဲ့အကြောင်းကတော့ သေချာပေါက်နှစ်ဘက်မိဘအသိုင်းအဝိုင်းကြောင့်ပင်။ အ၀င်၀ရဲ့တစ်ဖက်စီမှာ ပုံနေတဲ့လက်ဆောင်ပစ္စည်းတွေကို ၀န်ထမ်းတွေက မကြာခနလာလာသိမ်းနေရတယ်။
သိတဲ့လူတွေရော မသိတဲ့လူတွေပါ ပြုံးပြရလွန်းလို့ ဂျောင်ဆူးပါးတွေပင်ညောင်းလာသည်။ သားသားကိုချန်ယောလ်မမလာခေါ်သွားတော့ သူလည်းအသာလေး လူရှင်းထဲထောင့်မှာရှိတဲ့ ဘတ်ခ်ဟွန်းတို့ဝိုင်းသွားထိုင်လိုက်သည်။ ရှုပ်ရှုပ်ရှက်ရှက်တွေကိုသဘောမကျတဲ့ ဂျောင်ဆူးအကျင့်ကတော့ အရင်အတိုင်းပင်။
"ကာယကံရှင်ကဘယ်လိုလုပ်ထောင့်မှာလာကုတ်နေတာလဲ။"
အကိုရီရှင်းကသူ့ကိုပြုံးစစနှင့် စနောက်လာသည်။
"ဟူးးးး ပြုံးရလွန်းလို့ပါးတွေတောင်ညောင်းလာပြီအစ်ကိုရေ။ အိမ်ပဲပြန်ချင်တော့တယ်။ ညနေအိမ်လာမှာမလား။ အိမ်မှာကကိုယ့်လူတွေပဲဆိုတော့ အေးအေးဆေးဆေးပဲလေ။ "
"လာမယ်လေ ဒီကအပြန် အိမ်ခနပြန်ပြီးတာနဲ့ မင်းတို့အိမ်တန်းလာခဲ့မယ်။ ကိတ်မုန့်၀ယ်ထားသေးလား အကိုမှာထားတယ်ပြောဖို့မေ့နေတာ။"
"ချန်းလည်းမှာထားတယ်ပြောတယ်။"
"ဂျောင်ဆူးးး!!!"
မားမားကခပ်သုတ်သုတ်လျောက်လာရင်း သူ့နမည်ကိုခေါ်လိုက်သည်။
"ဒီမှာရေသာခိုနေတယ်ပေါ့။ ဟိုမှာချန်ယောလ်တစ်ယောက်ထဲဧည့်သည်တွေကိုဧည့်ခံနေရတယ်။"
"အ့..မားမား"
မားမားကအရင်အတိုင်း မထင်ရင်မထင်သလိုသူ့ဗိုက်ခေါက်ကိုလိမ်ဆွဲရင်း ပြောလာတော့ ဂျောင်ဆူးနှုတ်ခမ်းဆူပြီလေ။
"မားမားနော် နာတယ်လို့"
"နာရင်အချိုးပြေအောင်နေလေ။ ဟိုမှာချန်ယောလ်တစ်ယောက်ထဲ ကလေးတစ်ဖက်နဲ့ အကုန်လိုက်နှုတ်ဆက်နေရတယ်။"