4

2.4K 164 15
                                        

Unicode

"ဝေါ့ ဝေါ့။"

"ရလား ဆေးခန်းသွားကြမလား။"

"ရတယ် ခနနေကောင်းသွားမှာပါ။"

အန်ပြီး‌‌ေတာ့ရေစိုတစ်သျူးစလိုနွမ်းသွားပြီး အနားကဆိုဖာနားမှာထိုင်လိုက်တဲ့ ချန်‌ယောလ်ကိုကြည့်ပြီး တစ်ကယ်မသက်သာ။ ကိုယ်၀န်‌ဆောင်တွေ လနုတုန်းမှာ morning sinkဖြစ်တာကြားဖူးပေမဲ့ ခုလိုဘေးနားကအိမ်ထောင်ဖက်ပါလိုက်ဖြစ်တာမ်ျုးတော့ ဂျောင်ဆူးမကြားဖူးပေမဲ့ ခုကိုယ်တိုင်ကြုံနေရသည်။ ချန်ယောလ်ကဂျောင်ဆူးအန်သလို လိုက်အန်တဲ့အပြင်တစ်ခါတစ်လေဂျောင်ဆူးထပ်ပါပိုဆိုးနေသည်။ အလုပ်လည်းသွားရတဲ့အပြင်ဂျောင်ဆူးဝေယျာဝေစ္စပါ အကုန်လုပ်နေရ၍ ပိုပင်ပန်းရသည်။

"ချန်ယောလ်"

"ဟင်"

"မေမေတို့ပြောတဲ့အတိုင်း အလုပ်သမားခေါ်ကြမလား။"

"ဘာလဲ ကလေးကကိုယ်လုပ်ပေးတာမကြိုက်လို့လား။ ကိုယ်လုပ်ပေးတာအဆင်မပြေဘူးလား။"

"မဟုတ်ဘူးလေ။ မင်းပင်ပန်းတာကိုမကြည့်ရက်လို့လေ။"

"ကိုယ်ကအဆင်ပြေပါတယ်။ မပင်ပန်းပါဘူး။"

"မဖြစ်သေးပါဘူး အလုပ်သမားခေါ်မှပါ။ နော် နော်။"

"အဲ့တာဆိုလည်း ကလေးသဘောပဲ။ ကိုယ်ကတူတူနှစ်ယောက်ထဲတူတူနေချင်တာ။"

"ငါလည်းတူတူနေချင်တာပဲကို။ ဒီတိုင်းနေ့ခင်းဘက်ဝိုင်းလုပ်ပြီး ညဘက်ပြန်ခိုင်းလဲရတာပဲလေ။"

"အဲ့ဒါဆိုလည်းကိုယ်မေမေ့ကိုပြောလိုက်မယ်။"

"Aigooင့ါ‌ေယာကျာ်းလေးက လိမ္မာ‌လိုက်တာ။"

ပြောရင်းဆိုဖာပေါ်ကချန်ယောလ်ကို ဂျောင်ဆူးလက်ပုတုလေးတွေနဲ့ မမှီမကမ်းလှမ်းဖက်တော့ အချွဲကောင်ကခန္ဓာကိုယ်နဲ့မလိုက် ဂျောင်ဆူးရင်ခွင်ထဲပိုတိုးနေသည်။

"ကိုယ်ကကလေးနဲ့ပတ်ရင် အမြဲလိမ္မာပါတယ်နော် ဟွန်းးး"

ပြောပါတယ် ပတ်ချန်ယောလ်ကအချွဲ‌ေကာင်ပါလို့။

**************************************
ရာသီဥတုသာယာသော်လည်း ဂျောင်ဆူးခြံထဲကခြံပြင်မထွက်ရ။ ‌ချန်ယောလ်ကိုအပြင်သွားဖို့ခွင့်‌ေတာင်းပါက သူပါမှသွားရသည်။ အရင်တုန်းက အိမ်မကပ်ပဲလားလားလားလားလုပ်ခဲ့တဲ့အချိန်တွေကို သတ်ိရသည်။ ခုများတော့ဗိုက်တစ်လုံးနဲ့ တစ်နေ့တစ်နေ့အချိန်ကုန်နေသည်။

One And Only My HeavenWhere stories live. Discover now