Unicode
ဆေးရုံကဆင်းလို့ သားသားလသားအရွယ်မှာ နေ့နဲ့ညမှားတာကြောင့် ချန်ယောလ်နဲ့သူဒုက္ခများရသည်။ ခုလည်းသားသားကနေခင်းကတနေကုန်အိပ်ထားပြီး ညဘက်ဂျောင်ဆူးတို့အိပ်ချိန်မှာသောင်းကျန်းပါလေရော။ ဘယ်လိုချော့ချော့မအိပ်ပဲနေသည့်အပြင် တဂျီဂျီနဲ့ကောက်နေတာကြောင့် ဂျောင်ဆူးစိတ်တိုလာသည်။
"ပတ်ချန်ဆူး ငိုနေရင်ပါးပါးနို့မတိုက်တော့ဘူးနော်။ ဒီလောက်ချော့နေတာကို မတိတ်နိုင်ဘူး ဒီကလေးကတော့ ငါ့သည်းခံနိုင်စွမ်းကိုစမ်းသပ်နေတာပဲ။"
ဆူပူကြိမ်းမောင်းနေတဲ့ဂျောင်ဆူးအသံကို တစ်လသားအရွယ်ဘာမှမသိသေးတဲ့သားသားက စူးစူးဝါးဝါးငိုရင်းတုန့်ပြန်လာသည်။
"အင်းပါ အင်းပါ ပါးပါးမဆူတော့ဘူးနော်။ ပါးပါးသားကလိမ္မာတယ်။ လိမ္မာပါတယ်ပါးပါးအသဲလေးရယ် တိတ်ပါတော့ကွာ။"
ချော့တစ်ခါခြောက်တစ်လှည့် ခေါက်တုန့်ခေါက်ပြန် လမ်းလျောက်ရင်းထိန်းနေတာနဲနဲကြာတော့ သားသားကအငိုတိတ်သွားသည်။ အိပ်တော့မအိပ်သေး။
"ဂျောင်ဆူး...."
"ဟင်....သားသားငိုသံကြောင့်နိုးသွားပြီလား ။ ပြန်အိပ်လေသွား သွား။ သားသားငြိမ်သွားပြီ။"
ချန်ယောလ်နိုးမှာစိုးလို့ ဧည့်ခန်းမှာထိန်းတာတောင် သားသားအသံကြောင့်နိုးသွားသည်ထင်။ ချန်ယောလ်ကိုတကယ်အားနာရသည်။ တနေ့လုံးအလုပ်လုပ်ရတဲ့အပြင် ညဘက်ဆိုသားသားကြောင့်အိပ်ရေးပျက်ရသည်။
"ကိုယ်နိုးလာတော့ ကလေးဘေးမှာမရှိတာနဲ့ထွက်လာတာ။ 2နာရီတောင်ထိုးနေပြီ ကလေးသွားအိပ်ရင်သွားအိပ် သားသားကိုကိုယ်ဆက်ထိန်းလိုက်မယ်။"
"ရတယ် ငါကနေ့ခင်းဘက်ပြန်အိပ်လို့ရတယ်။ မင်းကတနေကုန်အလုပ်လုပ်ရတာ ပင်ပန်းတယ်။ သွားအိပ်သွား။"
"အဲ့တာဆို ကိုယ်လည်းမင်းနဲ့တူတူထိန်းမယ်။"
"သွားအိပ်ပါဆ်ုချန်ယောလ်ရာ။ သက်သက်မဲ့အိပ်ရေးပျက်အောင်။"
"မင်းတောင် အိပ်ရေးပျက်ခံသေးတာပဲ။ က်ုကိုကဘယ်လို့မလုပ်နိုင်ရမလဲ။ "