10

2.1K 186 84
                                    

Zawgyi

"ပါးပါး "

"Daddy "

"ပါးပါး"

"Daddy"

အသံစူးစူးလေးက ဂျောင်ဆူးနားထဲရောက်လာတာကြောင့် သေချာနားထောင်တော့ သားသားအသံ။

"ပါးပါး..."

"အင်း....ပါးပါးထပြီနော်။"

အိပ်ချင်မူးတူးနဲ့အတင်းထထိုင်ရင်း ကုတင်ဘေးနားကနေသူ့အဖေနှစ်ယောက်ကို မနိုးမချင်းနှိုးနေသော သားသားကိုသူကောက်ပွေ့ရင်း နမ်းလိုက်သည်။

"ပါးပါး ချိုချိုစို့မယ်။"

"ဟင်"

သားသားကဗလာကျင်းနေတဲ့ သူ့အပေါ်ပိုင်းကိုလက်ညှိုးထိုးပြမှ ညကသူတို့ကိစ္စပြီးတော့ အ၀တ်အစားပြန်မ၀တ်ရသေးမှန်းသတိ‌ရ‌သည်။

"ချိုချိုစို့မယ် ချိုချိုစို့မယ်"

လူကအိပ်ရေးမ၀လို့ပြန်အိပ်‌ချင်‌နေတာကြောင့် ဂျီနေတဲ့သားသားလည်းငြိမ်အောင် ရင်ဘက်ပေါ်ကောက်တင်ပေးတော့ မထွက်တဲ့နို့ကိုတပြွတ်စ်ပြွတ်စ်နဲ့စို့ရှာသည်။ ဘေးနားကချန်ယောလ်ကတော့ အိပ်နေလိုက်တာဆင်နင်းရင်တောင်နိုးမယ့်လမ်းစမမြင်။

သားသားကလည်းငြိမ်နေတာကြောင့် ခနလောက်အိပ်‌ပျော်သွားတုန်း ရှုန်းရင်းဆန်ခတ်အသံတွေကြောင့်ပြန်နိုးလာရသည်။

"Daddyဖယ်ပေး ချန်ဆူးနို့နို့သောက်မလို့။"

"မဖယ်ပေးဘူးကွာ အဲ့ဒါDaddyပိုင်တာ။"

ချန်ယောလ်ကဂျောင်ဆူးရင်ဘက်ပေါ်က ချန်ဆူးကိုဘေးနားချပြီး ဂျောင်ဆူးရင်ဘက်ကိုလက်နဲ့ကာထားတာလိုက်သည်။

"Daddyပိုင်တာမဟုတ်ဘူး ပါးပါးပိုင်တာ။"

"ပါးပါးပိုင်တာမှန်သမျှDaddyပိုင်တယ်။"

"ချန်ဆူးနို့သောက်ချင်တယ်လို့ ...အူးးးဝါးးးးးးးး"

သူ့daddyမဖယ်ပေးတာကြောင့် သားသားကပြဲလန်အောင်အော်ငိုပါလေရော။ ဘယ်လိုမှဆက်အိပ်မရတာကြောင့် ဂျောင်ဆူးလည်းထထိုင်လိုက်ရတော့သည်။

"ချန်ယောလ်ရာ ကလေးကိုမစစမ်းနဲ့။"

"ပါးပါး နို့နို့။"

One And Only My HeavenWhere stories live. Discover now