Game:01;Chapter:06

2.7K 292 1
                                    

Unicode

ချန်လျန်း နိုးလာသည်နဲ့ခေါင်းထဲကငြီးစီစီကြီးဖြစ်နေကာနေလို့မကောင်းပေ။
သူမဘဝမှာအရက်သောက်လို့ဒီလိုဝေဒနာခံစားရတယ်ဆိုတာမသိခဲ့ဖူးပေ။

နာရီကိုကြည့်မိတော့ 9 နာရီခွဲနေပြီဖြစ်သည်။
သူမူးနောက်နေသောခေါင်းကိုလျစ်လျှူရှူကာထလိုက်ပြီးရုံးသွားရန်ပြင်ဆင်ရတော့သည်။

ခေါင်းနောက်နေ၍လားပဲမသိ သူမဆီမှာရှိတဲ့ဒီဇိုင်နာအဝတ်များကမလှတော့သလိုပင်။
သူမကအရင်အပြင်မှာကတည်းကသူမရဲ့အသွင်အပြင်ကိုဂရုစိုက်သူဖြစ်လေသည်။
ထို့အပြင် အဝတ်အစားတစ်ခုကဘယ်လောက်လှလှတွဲဖတ်မှုသာမှားသွားရင်ဘာကောင်းတော့မှာလဲ။

နောက်ဆုံးတော့သူမနဂိုချန်လျန်းချောင်ထိုးထားခဲ့သောယောကျ်ားလေးဝတ်အင်္ကျီအပွကြီးကိုအောက်ကဂျင်းဘောင်းဘီနဲ့သာဝတ်ပြီးထွက်ခဲ့လိုက်သည်။
ရှည်ထွက်နေသောအင်္ကျီအစကိုဘောင်းဘီအောက်ထည့်လိုက်သည်။

"ရပြီ
အရမ်းတွေချောနေပြီ"

ထို့နောက်တော့သူမရဲ့ခြေလှမ်းများကမပြီးဆုံးသေးသည့်တာဝန်များရှိရာဆီ.....
*****************************************
သူမ Company ရောက်သည်နဲ့သူမကိုကြည့်ကာအတင်းပြောမည့်လူကအဆင်သင့်။
ဘယ်လိုတောင်နာမည်ကြီးနေရတာလဲပဲ။။

"ဟဲ့
ဟိုမှာအဖွဲ့မှူးချန်မဟုတ်လား
ဘယ်လိုဖြစ်တာလဲ
အရင်ကနောက်မကျဘူးပါဘူး"

"သူဝတ်ထားတာ Company ကခရီးထွက်တုန်းကအင်္ကျီမလား
လှတဲ့သူများကျတော့လည်းဘာဝတ်ဝတ်ကြည့်လို့ကောင်းနေရောပဲ"

"အေးနော်
အဲ့လိုပြောမှ
ငါတော့အဲ့အင်္ကျီကြီးကိုတော်တော်စိတ်ပျက်ခဲ့တာ"

ချန်လျန်းကနဂိုနားပါးသူမို့ပြောသမျှကိုအကုန်အတိုင်းသားကြားနေရသည်လေ။
အဲ့တော့မှထိုအင်္ကျီရဲ့ရာဇဝင်ကိုသိရတော့သည်။

သူမနေရာရောက်လို့ကြည့်မိတော့....

'ဘောလုံးပဲ
ဘောက်မဲ့ကြောင့် ငါလေးရဲ့စားပွဲပေါ်မှာ အမူးပြေဆေးပုလင်းတွေပြည့်နေရတာလဲ
တရုံးလုံးကလူတွေတစ်ယောက်တစ်ပုလင်းနှုန်းလာချထားသလားဟေ
တယောက်ယောက်ဖြေပေးကြပါဦးဟ'

MISSION-II {Rest}Where stories live. Discover now