Unicode
"Miss စိတ်မရှိရင်ကျွန်တော်ပါပါလို့ရမလား"
ချန်လျန်းသူ့နောက်ကထွက်လာသောအသံကြောင့်လှည့်ကြည့်မိတော့ ထိုလူက Mr. စန်းသာ။
"ပါလို့ရပါတယ်
ဒါပေမဲ့သေချာလေးရွေးပေးမယ်လို့တော့ထင်ပါတယ်
ပြီးတော့ အရေးကြီးတဲ့ကိစ္စမို့အရွေးမမှားဖို့တော့သတိပေးချင်ပါတယ်"စန်း ထိုကောင်မလေးပြောတာကြောင့် Design ပုံတွေကိုသေချာကြည့်ကာကပ်ရန်ပြင်တော့ အဝေးမှသူ့ Boss ရဲ့လေဆာရောင်ခြည်တန်းအကြည့်ကြောင့်လက်ပြန်ဆုတ်ကာနောက်တစ်ပုံကိုထပ်ကြည့်ရသည်။
ထိုတစ်ပုံကိုကပ်ရန်ပြင်တော့လည်းခုနကအတိုင်းပင်။
နောက်ဆုံးတစ်ပုံကိုလက်ရွယ်လိုက်ချိန်တွင်တော့နောက်လှည့်ထွက်သွားလေသည်။သူက Designer တစ်ယောက်မဟုတ်တာကြောင့်ထိုပုံတွေကိုသူအပေါ်ယံလောက်သာကြည့်နိုင်သော်လည်းသူ့ Boss ရဲ့အရိပ်အကဲကိုတော့သူကောင်းကောင်းကြီးကြည့်နိုင်သည်လေ။
ထိုကြောင့်မျက်စိစုံမှိတ်ကာနောက်ဆုံးပုံတွင်ကပ်၍ထိုနေရာမှထွက်ခဲ့လိုက်တော့သည်။ချန်လျန်း Mr. စန်းရဲ့လုပ်ရပ်ကြောင့်အနည်းငယ်ရှော့ရသွားတာတော့အမှန်ပင်။
သူကပ်သည့်နောက်သို့နောက်ကလူတစ်တန်းကြီးကလိုက်ကပ်နေတာကြောင့်လည်းပါသည်။
ဒီမှာရှိသည့်လူအားလုံးကလည်းသူဘယ်သူလည်းသိကြလေသည်။နာမည်ကျော် Designer တစ်ယောက်ရဲ့အတွင်းရေးမှူးက Design အကြောင်းနားမလည်ဘူးဆိုတာမဖြစ်နိုင်ဘူးလေ။
ပြီးတော့သူကပုံတွေကိုအကြာကြီးကြည့်ပြီးသေချာစဥ်းစားနေသေးတာလေ။
ငါတို့သူ့ကိုယုံလို့ရတယ်မလား😐😐။
လူတွေအားလုံးရဲ့အတွေးတွေကထပ်တူညီစွာ
သို့သော်သူတို့မသိသည်ကသူတို့မျှော်မှန်းထားသလိုမဟုတ်ဘူးဆိုတာပင်။ချန်လျန်းလည်းသူ့ကိုဘာမှမထိခိုက်တာမို့ပြောမနေတော့။
သူကကူညီပေးသွားတဲ့ဟာကိုသူမကသွားပြီး "ရှင်ဒါဘာလုပ်တာလဲ " သွားပြောရအောင်လည်းသူမကအရူးမှမဟုတ်တာ။မဲပေးခြင်းပြီးဆုံးသွားသည်နဲမဲ့ရေတွက်စရာပင်မလို။
သူမရွေးထားသောတစ်ယောက်ရဲ့ပုံတွင်တော့ စတစ်ကာများပြည့်နေကာအဖြုတ်ခံရသောတစ်ယောက်ထံတွင်လည်းရှိသေးသည်လေ။
ကျဲမုလင်ထံတွင်တော့အမြင်နဲ့တင်ရေလို့ရပြီးလက်တစ်ဖတ်စာတောင်မပြည့်။

ESTÁS LEYENDO
MISSION-II {Rest}
RomanceUnicode System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ ငါနားမကန်းသေးဘူး System:😡😡😡😡 MC:😐😐🙄🙄 ငါလေးဘာအမှားလုပ်မိလို့လဲ??? &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&& Zawgi System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ...