Unicode
"ဒီနေ့ကစပြီး သူနာပြုတွေကလေ့ကျင့်ရေးကွင်း
မှာလာသင်ယူလိမ့်မယ်""Yayyyyy"
စစ်သည်တော်တို့ရဲတက်ကြွသောအသံမှာကျယ်လောင်စွာထွက်ပေါ်လာတော့သည်။"Eliz ကဒီကိစ္စတစ်ခုလုံးကိုတာဝန်ယူလိမ့်မယ်"
စစ်သည်တော်များဟာပျော်ရွှင်နေသလောက်သူနာပြုများကတော့မျက်နှာမှာဆူပုတ်ကာအလိုမကျဖြစ်နေကြလေသည်။
ပြောရရင် ဒီလိုကြေငြာလိုက်တာဟာ Eliz ဟာရွေးခံခွင့်မရှိတဲ့လူတစ်ယောက်ဖြစ်သွားတာပင်။"What?? "
Eliza သူကိုယ်သူလက်ညိုးထိုးကာ Ethan ဆီကြည့်မိတော့ခေါင်းကိုပြုံးပြုံးကြီးငြိမ့်နေသောသကောင့်သားရယ်ပါ။"ကျေးဇူးပြုပြီးကိုယ့်ပါတနာကိုရွေးပေးကြပါ"
ထိုစကားဆုံးသည်နဲ့သူနာပြုများဟာသဘောကောင်းပုံပေါ်တဲ့လူ အဆင်ပြေမဲ့လူများကိုကြည့်ရွေးကြတော့လေသည်။တုတ်တုတ်မျှမလှုပ်တာကတော့ Marry ပင်။
လက်ကိုအချင်းချင်းလိမ်ယှက်ကာခေါင်းကိုသာငုံထားလေသည်။အကုန်လုံးကပါတနာရွေးချယ်ပြီးလို့အရှေ့ပြန်ရောက်လာကြတော့လေသည်။
ထိုကြောင့် Ethan က"Miss Marry ရွေးချယ်ပေးပါ"
Marry ခေါင်းမော့လိုက်သည်နဲ့သူရှေ့ကလူများမှာ
ဝိုင်းကြည့်နေတော့လေသည်။"ဟို...ဟိုလေ
Marry အကိုနဲ့ပဲပါတနာလုပ်လို့မရဘူးလားဟင်""အကို??"
Eliza သူမဆီရောက်လာသော Marry ရဲ့အကြည့်တွေကိုအပြုံးနဲ့သာတုန့်ပြန်လိုက်မိပြီး ထပ်မံကျရောက်လာတဲ့ Ethan ရဲ့မီးမျက်ဝန်းတွေကိုတော့အကြည့်
လွှဲလိုက်မိတော့သည်။"Mr. Eliz ကကျွန်တော့ Partner ပါ
ကျေးဇူးပြုပြီးနောက်တယောက်ရွေးချယ်ပေးပါ Miss Marry"Eliza သူမကိုယ့်သူမလက်ညှိးထိုးကာ Ethan ကို 'ငါက???ဘယ်တုန်းကလဲ??' ဟူသောအကြည့်များနဲ့မေးခွန်းထုတ်နေမိတော့သည်။
Ethan ကတော့သူနဲ့မဆိုင်သလိုပင်သူမကိုလှည့်တောင်မကြည့်။နောက်ဆုံးတွင် Marry ဟာ Joe နဲ့သာ Partner လုပ်လိုက်ရတော့သည်။
Marry Joe နဲ့ Partner မဖြစ်ချင်ပေ။
Joe ကသူမကိုမချစ်တာကိုသူမခံစားနေမိသည်။
အမြဲဒေါသထွက်နေတတ်သော Joe ဘေးတွင်နေရတာသည်လည်းသူမအတွက်မလွယ်ကူပေ။
တညတာအမှားအတွက်တာဝန်ယူမှုဖြစ်တာကြောင့် သူမအပေါ်ချစ်ခင်ခြင်းမရှိသော Joe ဟာသူမကိုညှာတာခြင်းလည်းမရှိချေ။
ရိုက်နှက်ခြင်းမရှိသော်လည်းအမြဲသူ့အရိပ်အခြေကြည့်နေရတာကပင် Marry အတွက်တော့ငရဲတစ်ခုလားပင်။
သူမ အကို့ကိုချစ်သည်။
သူမကို အကိုကလည်းချစ်နေမည်ဆိုတာသူမသိသည်။
မဟုတ်ရင်အကိုလိုလူမျိုးကသူမလိုမိန်းကလေးတစ်ယောက်ကိုထိုသို့ကောင်းကောင်းဆက်ဆံမည်မဟုတ်ဘူးလေ။
သူမရဲ့ဘဝကို Joe လိုလူနဲ့အစား အကိုနဲ့သာဖြတ်သန်းချင်သည်။
![](https://img.wattpad.com/cover/215229757-288-k130795.jpg)
ESTÁS LEYENDO
MISSION-II {Rest}
RomanceUnicode System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ ငါနားမကန်းသေးဘူး System:😡😡😡😡 MC:😐😐🙄🙄 ငါလေးဘာအမှားလုပ်မိလို့လဲ??? &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&& Zawgi System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ...