Game:01;Chapter:04

2.9K 355 10
                                    

Zawgi

ကောင်းဝမ်ရင်ခဏကြောင်ကာကြည့်နေမိပြီးသူသတိဝင်ချိန်တွင်တော့သူရှေ့ကမိန်းကလေးမှာမရှိတော့ပေ။
ထိုအချိန်တွင်သူပထမဆုံးအကြိမ်အဖြစ်ကောင်းမင်အားမနာလိုဖြစ်မိသည်။
သူထိုအိမ်တော်သို့ရောက်ကာအနှိမ်ခံရချိန်တွင်တောင်သူ့စိတ်ထဲသူကြိုးစားလျှင်ဖြစ်နိုင်သေးသည်ဟူသောအတွေးသာရှိပြီးကောင်းမင်ကိုတစ်ခါမှမနာလိုမဖြစ်ဖူး။

ချန်လျန်းလိုအမြဲမာနကြီးနေတတ်တဲ့မိန်းကလေးကထိုကဲ့သို့လည်းပြုံးတတ်လိမ့်မည်ဟုမထင်ခဲ့တာတော့အမှန်ပင်။
သို့သော် ပြုံးရသည့်အကြောင်းကသူ့ကြောင့်မဟုတ်သည်ကိုတွေးမိတော့ဒေါသကတလိပ်လိပ်တက်လာတော့သည်။

ကောင်းဝမ်ရင်ကိုယ်တိုင်မိမိဘာလို့ဒေါသထွက်နေမိတာလဲဆိုတဲ့အဖြေကိုပြန်မရပေ။

"ချန်လျန်းကိုသူကြိုက်သွားတာတော့မဟုတ်ဘူးမလား?😕😕
အဲ့လိုတော့မဟုတ်လောက်ပါဘူးနော်🙄🙄
ဟုတ်ပါတယ်လေ
သူကြိုက်စရာအကြောင်းမှမရှိတာ😏😏
ပြီးတော့ လျန်းကသူ့မရီးပဲဟာ😅😅
လျန်း...လျန်းတဲ့လား🙄🙄
အမြဲအဲ့လိုခေါ်နေလို့နှုတ်ဆွဲသွားတာနေမှာပါ😅😅
သူဘယ်တုန်းကအဲ့လိုခေါ်လိုက်တာပါလဲ🤔🤔"

ထိုညနေတွင်တော့ကောင်းဝမ်ရင်တစ်ယောက်ရုံးဆင်းသည့်တိုင်စာရင်းသွင်းမပြီးသောကြောင့်ရုံးတက်သောကာလအတွင်းပထမဆုံးအကြိမ်အဖြစ်   OT ဆင်းရတော့လေသည်။
*****************************************
ချန်လျန်း ကောင်းမင်ရုံးခန်းထဲရောက်တော့ကောင်းမင်ဟာစာရင်းပုံကြားထဲခေါင်းပျောက်ကာနေလေသည်။

"မင်ကောကော!"
သူမရဲ့အမေးကိုအနီးရှိထိုင်ခုံအားခေါင်းဆတ်ကာညွှန်ပြလေသည်။
ထို့ကြောင့် သူမလည်းကောင်းမင်စကားနားထောင်စွာကောင်းမင်ဘေးနားသွား၍စာရင်းများကိုကြည့်လိုက်တော့သည်။

ထိုအခါကောင်းမင်ကဆံပင်များကိုဖွလိုက်ပြီး
"လျန်း ကိုယ်တောင်းပန်ပါတယ်
ဟိုးကခုံမှာငြိမ်ငြိမ်လေးသွားထိုင်နေပေးပါလား
ကိုယ်တကယ်ကိုအလုပ်ရှုပ်နေလို့ပါကွာ"

သူမခေါင်းညိတ်ကာသွားနေသော်လည်းစိတ်ထဲတွင်မတင်မကျဖြစ်နေတော့လေသည်။

MISSION-II {Rest}Donde viven las historias. Descúbrelo ahora