Zawgi
သူမမျက်လုံးဖွင့်ကြည့်ကာမိမိကာရိုက်တာအခြေအနေကိုစစ်ကြည့်မိတော့သည်။
သူမရှိနေတဲ့အခန်းအနေအထားကိုကြည့်ရုံနဲ့သူမပြောနိုင်တာတစ်ခုကသူမဘဝကခတ်ခဲနေမှာတော့မဟုတ်ပေ။ထိုစဉ် သူမရဲ့သက်တော်စောင့်ဘောလုံးကောင်ကရောက်လာကာ
"အချက်အလက်များပေးပို့မှုစတင်နေပါပြီ....." ဟုပြောပြီးသူမမြင်ကွင်းထဲသို့ပုံရိပ်တစ်ချို့ကအမြန်ပြနေလေသည်။ထူးခြားတာတစ်ခုကတော့ထိုပုံရိပ်တွေကဖမ်းမမိအောင်မြန်နေသော်လည်းသူမမှတ်ဥာဏ်ထဲမှာတော့မှတ်မိနေလေသည်။
သူမရရှိထားတဲ့ဇာတ်ကောင်က ချန်လျန်း လို့ခေါ်တဲ့အသေးစားဗီလိန်တစ်ယောက်ပင်။
ဇာတ်လမ်းကလူကြီးကြိုက်အရှုပ်အထွေးများကြားမှသနားစရာမိန်းမငယ်လေးပင်။ဇာတ်လိုက်မမှာ ကျဲမုလင်ဟုခေါ်သောဒီဇိုင်နာဖြစ်ချင်သောဆင်းရဲတဲ့မိန်းကလေးတစ်ဦးပင်။
သူမကဇာတ်လမ်းရဲ့ဇာတ်လိုက်ဖြစ်သည့်အားလျှော်စွာပင် သူမကဘာမှနားမလည်ပဲနဲ့တောင်နာမည်ကြီးဒီဇိုင်နာတွေထက်သာလွန်နေလေတော့သည်။
သူမရဲ့ဒီဇိုင်းတွေဘယ်လောက်ကောင်းကောင်းသူမဟာဈေးထဲကအင်္ကျီချုပ်သမားသယောက်ထက်မပိုခဲ့ပေ။ဒီအချိန်မှသူမကိုအပြည့်အဝထောက်ပံ့ပေးကြသူတွေဟာ ဇာတ်လိုက်နဲ့ဒုတိယဇာတ်လိုက်တို့ပင်။
ဇာတ်လိုက်ရဲ့နာမည်ဟာကောင်းမင်ဖြစ်ပြီးဒုတိယဇာတ်လိုက်ရဲ့နာမည်ဟာကောင်းဝမ်ရင်ဖြစ်လေသည်။ကျဲမုလင်ရဲ့သနားကြင်နာတတ်မှု၊ရဲရင့်မှု၊လှပမှုနဲ့ဟန်မဆောင်တတ်မှုတို့ကဒီအမျိုးသားနှစ်ယောက်ရဲ့အချစ်ကိုရရှိစေလေသည်။
ကောင်းမင်ဟာတရားဝင်သားဖြစ်သည့်အတွက် KK Design တွင် MD တစ်ယောက်ဖြစ်ပြီး
ကောင်းဝမ်ရင်ကတော့ ဌာနမှူးတစ်ယောက်သာဖြစ်လေတယ်ကောင်းဝမ်ရင်ဟာဌာနမှူးဖြစ်နေတဲ့အခါချိန်မှာကျဲမုလင်ကိုအနိုင်ကျင့်ခံရမှုတွေကနေသနားကာသူမရဲ့တက်ကြွမှူနဲ့အရည်အချင်းကြောင့်များစွာသဘောကျနေတော့လေသည်။
သူမဟာကောင်းမင်ကို MD အဖြစ်မသိတာကြောင့်သူမရဲ့သနားကြင်နာမှုနဲ့ငွေမမက်မှုကကောင်းမင်ရဲ့နှလုံးသားကိုအရည်ပျော်စေကာ ကျဲမုလင်ကိုနောက်ကွယ်ကနေသူမအခတ်အခဲမရှိအောင်ကာကွယ်ပေးလေသည်။

BINABASA MO ANG
MISSION-II {Rest}
RomanceUnicode System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ ငါနားမကန်းသေးဘူး System:😡😡😡😡 MC:😐😐🙄🙄 ငါလေးဘာအမှားလုပ်မိလို့လဲ??? &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&& Zawgi System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ...