Game:02;Chapter:03

2K 228 19
                                    

Unicode

Eliza ပန်းခြံထဲတွင်ထိုင်ကာမနေ့က Bartender ကောင်လေးကိုစောင့်နေရတော့သည်။
၉ နာရီချိန်းထားသော်လည်း ၁၀ နာရီကျော်ကြာတာတောင်ရောက်မလာတာကြောင့်စိတ်ကမရှည်။

သူမပြန်ရန်ထလိုက်တော့မှ
"Mike ကိုစောင့်နေတာလားမသိဘူး"

"ဘယ်သူလဲ
စောင့်နေတာတော့မှန်ပေမဲ့မင်းပြောတဲ့ Mike ဟုတ်မဟုတ်တော့မသိဘူး"

ထိုလူကပြုံးလိုက်ကာ
"ကျွန်တော့်သူငယ်ချင်းကကျွန်တော့်ကို Mr. Walker ဆီဒါလေးပေးခိုင်းလိုက်လို့ပါ"

သူမဆီကမ်းပေးလာသော USB လေးကိုဖင်တစ်ပြန်ခေါင်းတစ်ပြန်ကြည့်ကာဘောင်းဘီအိတ်ထဲထိုးထည့်လိုက်တော့သည်။
လူကြားထဲဖွင့်ကြည့်ရအောင်ကလည်းဘာပါသည်မှန်းမှမသိတာကြောင့်ယူထားလိုက်ပြီးမိမိလက်ထဲကအိတ်ကိုပေးလိုက်တော့သည်။
သူမကိုလာလိမ်တာဆိုလျှင်လည်းထိုလူဒီနေ့ပြီးအသက်ရှင်မည်မဟုတ်တာတော့သေချာသည်။

"ဒီထဲမှာသူပြောထားသလောက်ပါတယ်လို့ပြောလိုက်"

"ဟုတ်ကဲ့
ဒါနဲ့အဲ့ကောင်နဲ့ Mr. Walker ကဘယ်လိုသိကြတာလဲ
ကျွန်တော်ဖြင့်အဲ့ကောင်ကသိတယ်ပြောတော့ယုံတောင်မယုံဘူး"

"မင်းကိစ္စမဟုတ်ပါဘူး
မင်းကိစ္စကဒါကိုမင်းသူငယ်ချင်းဆီရောက်အောင်ပြန်ပေးပြီးသူ့ပါးစပ်ကနေငါ့နာမည်မထွက်အောင်သတိထားလို့ပြောလိုက်"

"Heee Heee 😆😆"

သူမလည်းအရူးလိုရယ်ပြနေသောထိုလူကိုနောက်မှာချန်ထားပြီးသူမကားရှိရာသို့သွားကာ USB အတွင်းကိုစစ်ရတော့သည်။
သူမလိုချင်သည့်ထက်ကိုပါနေသောထို USB ကိုသူမသေချာသိမ်းကာလူပြောများသောငရဲခန်းဆီသို့ထွက်လာခဲ့လိုက်တော့သည်။

Other Side..

"Boss ပြောတဲ့အတိုင်းသေချာလုပ်ခဲ့ပါတယ်
ပြီးတော့...."

John သူ့ရှေ့က Boss ပြုံးနေတာကိုကြည့်ပြီးသူနောက်ပြောမဲ့စကားကိုပြောသင့်မပြောသင့်စဥ်းစားရတော့သည်။

"ဘာဖြစ်လဲ"

"ပြီး...ပြီးတော့လေ....
အိတ်ထဲမှာဗုံးတစ်လုံးရှိနေပါတယ်"

MISSION-II {Rest}Donde viven las historias. Descúbrelo ahora