Unicode
ချန်လျန်းရုန်းကန်နေတာကြောင့်ကောင်းဝမ်ရင်ကလွတ်ပေးလိုက်ကာသူမအပေါ်ကအုပ်မိုးထားသည်ကိုဖယ်လိုက်တော့လေသည်။
သို့သော်သူ့ဘက်သို့အရှိန်နဲ့အဆွဲခံလိုက်ရတာကြောင့်ချန်လျန်းဟာအခုဆိုသူနဲ့ရင်ဘတ်ချင်းအပ်ကာမျက်လုံးအပြူးသားကြောင်ကြည့်နေတော့လေသည်။ချန်လျန်းထိုအခိုက်တွင်ရင်ခုန်မိပေမဲ့သူရင်ခုန်မိတဲ့ထိုလူဟာပုံရိပ်ယောင်တစ်ခုဖြစ်နေလေသည်။
သူမလည်းအတတ်နိုင်ဆုံးစိတ်ထိန်းလိုက်ကာသူ့ပေါ်ကနေဖယ်၍ဘေးတွင်မတ်နေအောင်ထိုင်ပြီးအရင်ဆုံးမျက်နှာကိုချီထားလိုက်တော့သည်။"လျန်းကိုကယ်ခဲ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒါပေမဲ့လျန်းကဌာနမှူးရဲ့အစ်ကိုနဲ့မကြာခင်လက်ထပ်ဖို့စေ့စပ်ထားတဲ့သူပါ
အဲ့တာကြောင့်နှစ်ယောက်တည်းဒီလိုရှိနေတာမသင့်တော်ပါဘူး
လျန်းကိုအိမ်ပြန်ပို့ပေးပါမဟုတ်လည်းပြိုင်ပွဲဆီပြန်ခေါ်သွားပေးပါ""ကိုယ်သာမင်းရဲ့ဌာနမှူးကောင်းဝမ်ရင်မဟုတ်ဘူးဆိိုရင်ရောမင်းကိုဆက်ခေါ်ထားလို့ရမှာလား"
'လုံးလုံးလေး ငါ့ကိုအခုချက်ချင်းဒီလူရဲ့နောက်ကြောင်းအကုန်ပြောပြပေး'
System:အချက်အလက်များ Download ဆွဲနေပါပြီ
မကြာခင်အကြောင်းပြန်ပါမယ်သူမ System နဲ့စကားပြောနေမိသောအချိန်ခဏတွင်ကောင်းဝမ်ရင်ကသူမမျက်နှာရှေ့သို့ထပ်တိုးလာကာ
"ကိုယ့်ကမင်းရဲ့ကိုကိုလေ"
ပြောကာသူမရဲ့မျက်နှာကိုကြည့်ကာတစ်ခုခုကိုရှာဖွေသလိုကြည့်နေတော့လေသည်။'What The Hell😫😫😫
ဘယ်ကကိုကိုတွေပါပါလာပြန်တာလဲ'"ကြည့်ရတာမမှတ်မိဘူးနဲ့တူတယ်
ကိုယ်ကြားထားတာအမှန်ထင်တယ်"
အနည်းငယ်ခွာသွားတာမို့သူမအခုမှအသက်ရှူချောင်တော့လေသည်။'ဘာတွေကြားထားပြန်သေးတာလဲ😐😐
ငါလေးကိုတစ်ယောက်ယောက်လာရှင်းပြပေးကြပါဦးလားဟ'ကောင်းဝမ်ရင်ရဲ့စကားကိုသူမရဲ့ထက်မြတ်လွန်းနေသောဦးနှောက်ကပင်လိုက်မမှီတော့။
သူမစဥ်းစားနေတုန်းရုတ်တရက်ပွေ့ချီခံရတာကြောင့်ထိတ်လန့်သွားတော့သည်။
သူမကိုသူမထလာသောကုတင်ဆီသို့ပြန်ခေါ်လာက်မွေ့ရာပေါ်သို့ညင်သာစွာချပေးလိုက်တော့သည်။
သို့သော်ပွေ့ချီထားသောလက်တို့ကိုမဖယ်ရသေးတာကြောင့်သူတို့နှစ်ယောက်အနေအထားကနီးကပ်လွန်းနေသည််။

ESTÁS LEYENDO
MISSION-II {Rest}
RomanceUnicode System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ ငါနားမကန်းသေးဘူး System:😡😡😡😡 MC:😐😐🙄🙄 ငါလေးဘာအမှားလုပ်မိလို့လဲ??? &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&& Zawgi System:Player!!!! MC: နင်နဲ့ငါနီးနီးလေးကိုဘာလို့စွတ်အော်နေတာလဲ...