⭐Love Aesthetic-8⭐

712 113 116
                                    

Unicode

🖤Phoenix's Love♥

⭐Love Aesthetic -8⭐

ပေါ့ရွှတ်နေတဲ့ ခန္ဓာကိုယ်ကို ဆိုဖာပေါ်ဗုန်းခနဲပစ်ချလိုက်တာတောင် သူ့မှာတုတ်တုတ်မလှုပ်...

ဆေးသွင်းထားရက်တန်းလန်းနဲ့ခေါ်လာတာဆိုတော့ အဖျားမကျသေးတာကလဲမထူးဆန်းပါဘူး။

ဒီကောင့်ကို လူလိုနေခိုင်းမိတာ ကိုယ့်ရှူးကိုယ်ပတ်နေပြီထင်ပါတယ်။

ပစ်ထားရင်လဲသေသွားရင်မနှိပ်စက်ရမှာကနှမြောစရာ...

ပြုစုရအောင်ကလဲ ကိုယ်ကသူ့အသားတောင်မထိချင်ပါဘူးဆိုမှ...

မတတ်နိူင်တော့ပြီမို့ ရေချိုးခန်းထဲကသဘတ်တထည်ရေစွတ်ယူလာပြီး သူ့ကိုရေပတ်တိုက်ပေးဖို့ပြင်ရတော့သည်။

အင်္ကျီကလဲသူဝတ်ထားတာ bathrobeမို့ ဘာမှထူးထွေချွတ်ပေးနေစရာမလိုပဲ မြင်နေရတဲ့ ရင်ဘတ်ဖြူဖြူလေးကို ကျွန်တော် ထိုင်ကြည့်နေမိသည်။

ဒီရင်ဘတ်ထဲကနှလုံးသားက လိမ်ညာခြင်းတွေကင်းနေရင်ဘယ်လောက်ကျွန်တော်ပျော်ရွှင်ရလိမ့်မလဲ။

ကျွန်တော့်ကန်ချက်တွေနဲ့ သွေးခြေဥအညိုအမဲစွဲနေတဲ့ ရင်ဘတ်ကို လက်ဖဝါးနဲ့ထိလိုက်တော့ နွေးထွေးနေတဲ့ခံစားချက်က ရုန်းမထွက်ချင်စရာကောင်းလွန်းလှသည်။

မျက်နှာတစ်ခုလုံး ဒဏ်ရာတွေနဲ့စုတ်ပြတ်နေတာတောင် အကြည့်မလွှဲချင်စရာဆွဲဆောင်မှုကရှိနေတုံး။

သွေးမရှိပဲဖျော့တော့နေတဲ့ နှုတ်ခမ်းလေးဆီအကြည့်ရောက်တော့ သွေးထွက်အောင်ကိုက်ပစ်ချင်စိတ်ကရင်ထဲမှာ လှုပ်ခတ်လို့။

ဖြောင်းးးးးးးးး

ကိုယ့်ပါးကို အသံမြည်အောင်ဖြောင်းခနဲချလိုက်ပြီး ရူးနှမ်းနေတဲ့အတွေးတွေကိုမောင်းထုတ်ပစ်ရသည်။

ရန်သူတော်ရဲ့သားကိုမှ မင်းက ခုလိုအတွေးတွေနဲ့ ချစ်ချင်မြတ်နိုးချင်နေသေးတာလား အရူးရ။

Bathrobeကို ဆွဲချွတ်လိုက်ပြီး ရေပတ်ဝတ်နဲ့ခပ်ကြမ်းကြမ်းတစ်ကိုယ်လုံးကိုပွတ်သုတ်ပေးလိုက်ပြီး ဗီရိုထဲက စပို့ရှပ်တထည်ယူကာ ခေါင်းကနေစွပ်ချပေးလိုက်သည်။

Phoenix's Love (Completed)Where stories live. Discover now