⭐Love Aesthetic-13⭐

883 117 131
                                    

Unicode

🖤Phoenix's Love❤️

⭐Love Aesthetic-13⭐

လေပြည်ညှင်းတို့တိုက်ခတ်ခြင်းကြောင့် ခန္ဓာကိုယ်တစ်နေရာမှ တဖြတ်ဖြတ်အသံတို့ကစည်းချက်ကျစွာထွက်ပေါ်နေသယောင်....

နိုးထလာတဲ့အသိနဲ့ အကြောတွေဆန့်ထုတ်လိုက်တော့ ဖြတ်ကနဲ လွင့်ဝဲတက်လာတဲ့အနက်ရောင်တောင်ပံကြီးက ဝေ့ကနဲ ဝဲကနဲ.....

ညတည်းက အဝတ်မကပ်တဲ့အနေအထားနဲ့ ဒီတောင်ပံတွေနဲ့ သူ့ကိုထွေးပွေ့ရင်းအိပ်ပျော်သွားခဲ့တာက ခေါင်းထဲရောက်လာတော့ အကြည့်တွေက ဘေးကလူဆီရောက်သွားရသည်။

စောင်ခြုံအောက်မှာကွေးလုံးနေတဲ့ အဖြူရောင်အလုံးလေးဟာ ချစ်ခင်ကြင်နာဖွယ်အတိပြီးလို့။
ပါးဖောင်းလေးကို နှာခေါင်းထိပ်နဲ့တွေ့ထိတော့ ပူကနဲဖြစ်သွားတဲ့ခံစားချက်ကြောင့် ကိုယ့်အတောင်ပံတွေကို ရုပ်သိမ်းလိုက်ပြီး ထထိုင်လိုက်သည်။

🖤 Son.........Son............

အသာအယာလှုပ်နှိုးတော့မှ မျက်လုံးလေးတွေပွင့်လာပြီး ပါးမို့လေးကရိပ်ကနဲလှုပ်ရှားသည်။ အပြုံးတစ်ခုနဲ့ တစ်လောကလုံးတက်သိမ်းချင်သည်ထိခံစားရတာက မင်းနဲ့မှပါလား Son..

🖤 ချစ်တယ် .......

စိတ်လိုလက်ရ နှလုံးသားကစကားတွေပြောမိရင်း ပါးပြင်ကိုနမ်းရှိုက်တော့ ထပ်ခံစားမိလိုက်တဲ့ အပူချိန်။

🖤 Son မင်း ဖျားနေပြီ.....

နဖူးကို လက်ဖဝါးနဲ့အုပ်လိုက်တော့ ပူခြစ်လို့။ အပူနဲ့အတူ စိတ်မကောင်းရခြင်းတွေ ရင်ထဲရောက်လာတာက တစ်ပြိုင်တည်းမှာပါပဲ။ ညကသူပြောခဲ့တယ်လေ Phoenix ငှက်တစ်ကောင်ရဲ့ရှင်သန်ခြင်းကလွဲလို့ နတ်ဘုရားတစ်ပါးရဲ့ အစွမ်းသတ္တိတွေ ဘာမှမရှိတော့ဘူးဆိုတာကို။ လူလိုပဲနေ လူလိုပဲ အသက်ရှင်ဆိုတဲ့ တစ်ချိန်က ကိုယ့်စကားကိုယ်ပြန်ကြားမိတာ နားဝမှာခါးလိုက်တာ။

❤️ ဖျားနေတာလား အာ့ကြောင့် ဟိုတစ်ခါလို ခေါင်းမူးနေတာကိုး ဒါပေမဲ့ အခု မင်းငါ့ကို ပစ်မထားတော့ဘူးမှတ်လား အဖျားပျောက်အောင်လုပ်ပေးမှာမှတ်လား

Phoenix's Love (Completed)Where stories live. Discover now