⭐The Last Dream-1⭐

713 107 118
                                    

Unicode

🖤Phoenix's Love❤️

⭐The Last Dream-1⭐

ချစ်စရာအပင်ပေါက်ကလေးကို ရေသဲ့သဲ့လောင်းပေးနေရင်းနဲ့ မဆုံးတဲ့အိပ်မက်တွေကို စိတ်ကူးခရီးနှင်ရတာက ကျေနပ်စရာအပြည့်။

Aphroditeရဲ့ အချစ်သစ်ပင်လေးနဲ့အတူ ကျွန်တော်တို့အချစ်တွေလဲ အတူတူရှင်သန်ကြမယ်။  အပင်လေးအရွယ်ရလာလို့ အိုးထဲကနေ မြေကြီးပေါ်ချစိုက်ရချိန်မှာ သူနဲ့ကျွန်တော့်ရဲ့အချစ်တွေလဲ မိုင်တိုင်တစ်ခုကိုရောက်နေလောက်ပြီ။

အပင်လေးကနေ အသီးလေးတွေသီးလာတဲ့အခါ ကျွန်တော်နဲ့သူရော ကလေးပိစိလေးတွေမွေးစားဖို့ စိတ်ကူးယဥ်နေကြမလား။ အရွက်တွေကြွေတဲ့အခါစိတ်ဆိုးပြီး ရွက်သစ်ဝေတဲ့အခါ ပြန်ကြင်နာကြမလား။

ဘာမဆိုဖြစ်နိုင်တာက စိတ်ကူးထဲမှာပါပဲ။
တကယ့်လက်တွေ့မှာတော့ ဘဝကလေပူတွေဝှေ့နေတဲ့ ကန္တာရဖြစ်နေတာလေ။

🖤 Son ဘာတွေ တွေးနေတာလဲ

ပုခုံးကို နူးနူးညံ့ညံ့လာဖက်တဲ့သူ့လက်ကို နောက်ပြန်ဆုပ်ကိုင်လိုက်ရင်း ခပ်ရေးရေးပြုံးမိသည်။

❤️ ငါစိတ်ကူးယဥ်နေတာလေ ဒီအပင်လေးကြီးလာတဲ့အချိန်မှာ ငါတို့တွေရော ဘယ်လိုဖြစ်နေကြမလဲလို့ပေါ့

🖤 ဘာတဲ့လဲ ကလေးတွေဘာတွေရနေပြီတဲ့လား

❤️ မင်းက ကလေးလိုချင်လို့လား

🖤 အင်း မပြောတတ်ဘူးလေ သေချာတော့ ဒါပေမဲ့ မင်းဆန္ဒမှန်သမျှက ငါမငြင်းဖြစ်မဲ့အရာဆိုတာကတော့ အသေအချာပဲ မင်းထိခိုက်မှာကလွဲလို့ပေါ့

❤️ အင်း အခု dream catcher လုပ်ရအောင် မင်းအိပ်မက်ဆိုးတွေမမက်အောင်လို့လေ

🖤 မင်းအပေါ်မကောင်းတာ တစ်ခုခုသက်ရောက်လာရင်ရော

မင်းရဲ့သက်ပြင်းသဲ့သဲ့ချသံက ငါ့ကိုမနေ့ညကထက်ပိုပူပြင်းတောက်လောင်စေတာ မင်းမသိပါဘူး Pinရယ်။

❤️ ငါ့အသက်မသေမှာကတော့ အသေအချာပဲ ပြီးတော့ Dream Catcher သက်သက်ပါပဲ Pinရယ် ဘာမှလမ်းစမရှိရင်တောင် ငါတို့တတ်နိုင်သမျှခွန်အားနဲ့ ငါတို့အချစ်ကို ငါတို့ကာကွယ်ရမှာပဲလေ

Phoenix's Love (Completed)Donde viven las historias. Descúbrelo ahora