⭐Eternal Flame⭐

1.4K 133 119
                                    

Unicode

🖤Phoenix's Love❤️

⭐Eternal Flame⭐

အနက်ရောင်ကမ်းခြေတစ်နေရာ ကမ်းစပ်နားကဖြူလွလွအရိပ်လေးနားမှာ အရောင်အဝါတွေတောက်ပနေလေသည်။

"ရိုင်းစိုင်းလိုက်တဲ့ နတ်ဆိုး ဘာကြောင့်များဒီလိုရက်စက်တဲ့နည်းလမ်းကိုသုံးသွားရတာလဲ သားတော်လေး သားတော်လေး"

ဖခင်တစ်ယောက်ရဲ့သောကကို လှိုင်းသံလေသံတွေကတောင်မကျော်လွှားနိုင်ခဲ့ပါဘူး။ သွေးအလူးလူးနဲ့ ကျိုးကြေနေတဲ့ပန်းအိုးငယ်လေးကို ရင်ဝယ်ပိုက်လို့ အသိလွတ်နေတဲ့သားကိုကြည့်ပြီး နေနတ်မင်းကြီး ငိုကြွေးလေပြီ။

"ဟိုတစ်ခါတည်းကသာခေါ်သွားခဲ့ရင် ခုလိုဖြစ်မှာမဟုတ်ဘူး သားတော်လေး"

ယူကြုံးမရဖြစ်နေချိန်မှာ ငှက်တစ်ကောင်ရဲ့စူးစူးဝါးဝါးအော်သံကိုကြားရပြီး သူ့ရှေ့မှာရပ်နားလိုက်တော့ နေနတ်မင်းရဲ့ငိုကြွေးသံက ရပ်တန့်သွားခဲ့သည်။

ထိုငှက်ကလေးကနေ လူသားအသွင်ပြောင်းလဲသွားချိန်မှာတော့ နေနတ်မင်းရဲ့ဒေါသမီးတောင်ပေါက်ကွဲလေတော့သည်။

"မင်းကို ဒီလိုနည်းလမ်းသုံးပြီး ငါ့ဆီပြန်ပို့ဖို့ပြောခဲ့လို့လား Phileo နည်းလမ်းတွေအများကြီးရှိပါရက်နဲ့ ဒီလိုအသိလက်လွတ်ဖြစ်အောင်နှိပ်စက်ပြီးမှ လာခေါ်ခိုင်းတာ ဘာအတွက်လဲ မင်းပြောစမ်း"

နေနတ်မင်းရဲ့ဒေါသကြောင့် အနက်ရောင်ကမ်းခြေတစ်လျှောက်မီးလျှံတွေတောက်လောင်လာချိန်မှာ နတ်ဆိုးကတော့ အသက်မဲ့သူလိုပဲ ဟဲရာလက်ထဲက အဖြူရောင်ကောင်လေးကိုသာ ငေးနေလေသည်။

"မင်းကို ငါမေးနေတာ ဖြေလေ"

🖤 တလောကလုံးက မယုံကြည်ပေမဲ့ ဒီအချစ်ဟာစစ်မှန်တယ်လို့ သူနဲ့ကျွန်တော်ယုံကြည်ခဲ့တယ် နေနတ်မင်း

အဆုံးသတ်မလှမှာသေချာနေတာတောင် နောက်ဆုံးထိလက်မလွှတ်ချင်တဲ့သူ့စိတ်ကို ဘယ်သူကရိုက်ချိုးနိုင်မှာလဲ ကျွန်တော်ပဲလေ ဟက်ဟက်

သူကျွန်တော့်ကို နာကျည်းမုန်းတီးမနေပဲနဲ့ ဒီအချစ်ဟာ သူ့ဘက်မှာပဲကျန်နေတယ်ဆိုတဲ့ နာကျည်းစရာအသိမရှိပဲနဲ့ သူကျွန်တော့်ကို လွယ်လွယ်လက်လွှတ်လိမ့်မယ်ထင်နေတာလား

Phoenix's Love (Completed)Onde histórias criam vida. Descubra agora